Thursday, January 12, 2012

စစ်ပွဲရဲ့ စစ်မြေဇာ အပြစ်မဲ့ပြည်သူ

Thursday, January 12, 2012

W.P Moses

ဇန္နဝါရီလ ၁၁ ရက်နေ့တွင် ကချင်ပြည်နယ် ဆွမ်ပရာဘွမ် ကားလမ်းတလျှောက်ရှိ ကျေးရွာများတွင် စစ်အစိုးရ စစ်တပ်များ ဝင်ထွက်သွားလာကာ ပြည်သူများကို ပေါ်တာအဖြစ် ဖမ်းဆီး ခေါ်ဆောင် နေကြောင်း သိရှိရပါတယ်။ နမ့်ခမ်းကနေ ဒရိုခသို့ ဦးတည်လာတဲ့ စစ်အစိုးရ စစ်တပ် ခလရ (၁၃၈) တပ်ဖွဲ့ဟာ ဇန္နဝါရီလာ ၁၁ ရက်နေ့ မနက် ၈ နာရီဝန်းကျင်တွင် ကဝါပန်ကျေးရွာရှိ ရွာသားများ ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်၊ ကလေး မရွေး အတင်းအဓမ္မ အယောက် (၆၀) ကျော်ကို ခေါ်ဆောင် သွားကြောင်း သိရှိရပါတယ်။
 ကချင် စစ်ပြေးဒုက္ခသည်... ကလေးသူငယ်များ...

 ယင်း ခလရ ၁၃၈ တပ်ဖွဲ့ဟာ ဇန္နဝါရီလ ၆ ရက်နေ့က (ဒီမှာ) ခဂရန်း (Hka Garan) ကျေးရွာရှိ အလယ်တန်း ကျောင်းသားများကို ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အဖွဲ့ဖြစ်ပါတယ်။

ကေအိုင်အေနှင့် စစ်အစိုးရ တပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွား နေမှုကြောင့် အစိုးရ စစ်တပ်မှ အပြစ်မဲ့ ကချင်ပြည်သူများနှင့် တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်မြေများမှ တိုင်းရင်းသားများကို အတင်းအဓမ္မ ပေါ်တာ အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ရွာမီးရှို့ ဖျက်ဆီးခြင်း၊ အပြစ်မဲ့ ရွာသားများကို ညှင်းပန်း နှိပ်စက်ခြင်း၊ ကချင်အမျိုးသမီးများနှင့် တခြားတိုင်းရင်းသူများကို မဒိန်းကျင့်ပြီး သတ်ဖြတ်ခြင်း စသည့် မြောက်များစွာသော လူ့အခွင့် အရေးချိုးဖောက်မှုနှင့် စစ်ရာဇဝတ်များကို သိန်းစိန် အစိုးရ စစ်တပ်တို့က ချိုးဖောက် နေတာ ဖြစ်ပါတယ်။

ကချင်စစ်ပြေး ဒုက္ခသည်များလည်း တနေ့ထက်တနေ့ ပိုမိုများပြားလာကြောင်း သိရပါတယ်။ အားလုံးဟာ လောလောလတ်လတ် စားဝတ်နေရေး အကူအညီ အများကြီး လိုအပ်နေကြောင်း ဒုက္ခသည် ကူညီ စောင့်ရှောက်ရေးများရဲ့ ပြောပြချက်အရ သိရပါတယ်။

1 comments:

  • Anonymous says:
    April 4, 2012 at 10:59 AM

    အရေးမပါတာတွေ.. KIA ကဖမ်းနေတာတွေကော.. ထည့်မပြောတော့ဘူးလား... မသိချင်ယောင်ဆောင်နေတာလား...