Sunday, January 08, 2012

ဗြိတိန်နိုင်ငံ ပေါင်စတာလင် ၁၈၅ သန်းကို ထောက်ပံ့

Sunday, January 8, 2012

ဇော်ရှန် W.P Majoi


မြန်မာနိုင်ငံရှိ အခြေခံ လူတန်းစားများ အသေးစား ချေးငွေပေးရန်အတွက် လေးနှစ်စာ ရန်ပုံငွေ ပေါင်စတာလင် ၁၈၅ သန်းကို ထောက်ပံ့ သွားမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးက ရန်ကုန်မြို့ ဗြိတိလျှ ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကိုပြောခဲ့သည်။

 
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး (ဓါတ်ပုံ     WPNG)

လာမည့်လေးနှစ်တာ ကာလ အတွင်း မြန်မာနိုင်ငံ အတွက် ထောက်ပံမည့် စတာလင်ပေါင်  ၁၈၅ သန်းသည် မြန်မာနိုင်ငံရှိ လူပေါင်း ၆ သိန်းခန့်ကို အသေးစား ချေးငွေများ ပေးနိုင်မည်ဖြစ်ကြာင်း သိရသည်။

ထို့အပြင် ကချင်ပြည်နယ်မှ စစ်ပြေးဒုက္ခသည်များ အတွက်လည်း လူသားချင်း စာနာထောက်ထားမှု အကူအညီ အဖြစ် နောက်ထပ် စတာလင် ၂ သန်းကို ပေးရန် စီစဉ်နေကြောင်း သိရသည်။

 ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး (ဓါတ်ပုံ     WPNG)

ယင်းငွေမှာ ငြိမ်ချမ်းမှု တည်ဆောက်ရေး အတွက် အားထုတ်မှုများနှင့် ကလေးငယ်များအတွက် အထူး အလေးပေးကာ ကချင်ပြည်နယ်မှ ဒေသတွင်းရှိ စစ်ပြေးဒုက္ခသည် ၁၃၀၀၀ အတွက် ၃ လစာ အစား အသောက်၊ အဟာရ၊ နားခိုရာဂေဟာနှင့် မိလာစနစ်တို့ပါဝင်ကြောင်း သိရသည်။

0 comments: