Monday, January 09, 2012

တိုင်းရင်းသားများ ကုလအတွင်းရေးမှူးချုပ်ထံ တောင်းဆိုစာပို့

 Monday, January 9, 2012

ခခူးလ    

၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ ပါတီတွေနဲ့ စုဖွဲ့ထားတဲ့ တိုင်းရင်းသားပါတီ ၁၂ ဖွဲ့က ခေါင်းဆောင်တွေဟာ လက်ရှိ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာ ၃ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက် မစ္စတာ ဘန်ကီမွန်းထံ စာပေးပို့လိုက်တယ်လို့ သိရပါတယ် ။

ကုလသမုဂ္ဂ အထွေထွေ အတွေးရေးမှူး ဘန်ကီမွန်း

“သတင်းစာမျက်နာ ဖော်ပြမူအရ  ယမန်နေ့ ညနေပိုင်းက မစ္စတာဘန်ကီမွန်းဆီကို အီးမေးလ်နဲ့ ပို့တယ်၊ အဓိက အချက် ၃ ချက် ပါတယ်၊။

၁ ။    ။ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့၊

၂။      ။  ပြည်တွင်းစစ်တွေ အကုန်လုံး ရပ်စဲပြီး လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကိုလည်း စစ်ဆေး ရပ်စဲ ဖို့၊
၃။    ။ တတိယ အချက်က ဒေါ်အောင်ဆန်းစုကြည်ရယ်၊ လက်ရှိ ဦးသိန်းစိန် အစိုးရရယ်၊ နိုင်ငံရေး အဖွဲ့ အစည်းများနဲ့ တိုင်းရင်းသား အဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးနိုင်မယ့် အချိန်တစ်ခု သတ်မှတ်ပြီး တော့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို မဖြစ်မနေ ဖော်ဆောင်သွားဖို့ အဲ့ဒီကိစ္စတွေကို မစ္စတာဘန်ကီမွန်း ကနေပြီးတော့ မြန်မာအစိုးရကို ဖိအားပေး ရန် တိုင်းရင်းသား ခေါင်းဆောင်တွေ တောင်းဆိုက်လိုက်တယ်လို့ သိရပါတယ်။

0 comments: