Thursday, January 12, 2012

နိုင်ငံရေး အကျဉ်းသား ကိုဇော်ဆိုင်း

 Thursday, January 12, 2012
W.P Moses

မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ ကိုဇော်ဆိုင်းဟာ တကယ့် သူရဲကောင်း တယောက်ပါ။ ကိုဇော်ဆိုင်းဟာ ကချင် ပြည်နယ် မြစ်ကြီးနားမြို့မှ ကချင် တိုင်းရင်းသား လူမျိုး  ဖြစ်ပါတယ်။ အရပ်မြင့်မြင့်၊ ရုပ်ရည်အလွန်ချောတဲ့ ကိုဆိုင်းဟာ စိတ်ကောင်းရှိပြီး စိတ်ထား ဖြူစင်သလို သတ္တိလည်းကောင်းတယ်။ ကိုဇော်ဆိုင်းဟာ အကျဉ်း ကျခံရတာ ၂၆ နှစ်ရှိပြီ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ ထောင်အာဏာပိုက်တွေရဲ့ မတရား ဖိနှိပ်မှုကို သူက ဒူး မထောက်ဘူး။ ဘ၀တူ နိုင်ငံရေး အကျဉ်းသားတွေ၊ လူဆိုးလူမိုက်တွေကို စစ်အစိုးရ တို့မှနှိပ်စက်တာကို ကိုဇော်ဆိုင်းက တတ်နိုင်သလောက် ကာကွယ်မှုပေးတယ်။ သူဟာ မြင်းခြံထောင်မှာ ရှိနေတုန်းပါဘဲ..။ တခါက လူဆိုးတွေဟာ နိင်ငံရေး အကျဉ်းသားတွေကို စော်ကားလာတဲ့ အခါမှာ ကိုဇော်ဆိုင်းက အုပ်ခဲ သုံးလုံးကို ရိုက်ချိုးပြခဲ့တဲ့အတွက် လူဆိုးလူမိုက်တွေ ရှောင်ရှဲ သွားတယ်။ သူဟာ ရဲဘော်ရဲဘက်စိတ် ရှိတဲ့သူ ဖြစ်သလို အမျိုးသမီးနှင့် ကလေးတွေ အပေါ်မှာ ညှာတာထောက်ထား တတ်သူ တဦးလည်းဖြစ်ပါတယ်။ ကိုဇော်ဆိုင်းဟာ တကယ့်သူရဲကောင်းတဦးဖြစ်ပါတယ်။

0 comments: