Wednesday, January 11, 2012

မူးရေး-မြန်မာ နယ်စပ်လမ်းပိတ်ရန် တောင်းဆိုမှု ဆိုင်းငံ့ထား

Wednesday, January 11, 2012

W.P Moses

အိန္ဒိယနယ်စပ် မူးရေးမြို့ရှိ လူထုများ အသင်းအဖွဲ့မှ လမ်းပိတ်ပေးရန် တောင်းဆိုခြင်း အပေါ်တွင် မြန်မာစစ်တပ်နှင့် အိန္ဒိယ Assam Rifles 31 တို့မှ နှစ်ရက်အတွင်း ဆွေးနွေးညှိနိုင်း ကိုင်တွယ် ဖြေရှင်းမည်ဖြစ်သောကြောင့် ဆိုင်းငံ့ ထားခဲ့ရသည်ဟု နယ်စပ်သ တင်းများအရ သိရသည်။

အိန္ဒိယ၊ မြန်မာနှစ်နိုင်ငံ နယ်စပ် လမ်းပိတ်မည့် အကြောင်း အရင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့တွင် မြန်မာစစ်တပ် စစ်သားတဦးမှ မူးရေးမြို့သား Md Abdul Noor အမည်ရှိ ကလေးငယ် တဦးကို အပြစ်မဲ့ ပစ်ခတ်မှုအပေါ် မြန်မာစစ်တပ်တွင် တာဝန်အပြည့် အဝရှိကြောင်း ပေါ်လွင်အောင် ရည်ရွယ်ခြင်းဖြစ်သည်ဟု သိရသည်။

လမ်းပိတ်မည့် ကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် သောကြာနေ့တွင် Moreh Ward No.5 ရှိ Madrasa LP ကျောင်း၌ အစည်းဝေး တခုပြုလုပ်ခဲ့သည်ဟု သိရသည်။

၎င်းအစည်း အဝေးတွင် Assam Rifles 31 အရာရှိ Vikram Singh နှင့် မူးလေးမြို့ အဖွဲ့အစည်းများမှ ဦးဆောင်းသူများသည် မြန်မာ့စစ်တပ်အပေါ် နှောင်တွင် မဖြစ်သင့်သည့် ဖြစ်ရပ်မျိုး မဖြစ်ပွားစေရန်နှင့် နားလည် သဘောတူညီမှုတွင် လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။



ကချင်စစ်ပြေးဒုက္ခသည်...

သိန်းစိန် အစိုးရ စစ်တပ်ဟာ ကချင်နယ်မြေနှင့် တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာအနံ့တွင်လည်း အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးနှိပ်စက်၊ မဒိန်းကျင့်၊ ပေါ်တာခေါ် ၊ အပြစ်မဲ့ ပြည်သူများကို ပစ်သတ် စသည့် စစ်ရာဇဝတ်များကို ချိုးဖောက်နေပေမယ့် ကမ္ဘာက မျက်ကွယ်ပြုနေပါသည်။

ကချင်ပြည်နယ် ဖါးကန့်ဘက်တွင်လည်း ယခုလ ဇန္နဝါရီလကစပြီး စစ်အစိုးရနှင့် ကေအိုင်အေတပ်တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီဖြစ်ပါတယ်။ ယင်းတိုက်ပွဲကြောင့် ဒေသခံ ပြည်သူများဟာ အိုးအိမ်များကို စွန့်ခွာကာ ထောင်နှင့်ချီပြီး ထွက်ပြေး တိမ်းရှောင်နေရပြီ ဖြစ်ပါတယ်။

0 comments: