Wednesday, January 11, 2012

မြန်မာစစ်တပ် ပစ်ခတ်မှုကြောင့် ခရီးသွား ကချင်လူငယ် နှစ်ဦးသေဆုံး

Wednesday, January 11, 2012

W.P Moses

 ကချင်ပြည်နယ် ဥရုဆိုင်းမှော်ဒေသ ဖားကန့် ကားလမ်းပိုင်း ဆိုင်းဖရာ ကျေးရွာ (Seng Hpra) နေ မောင်လဂွီ ယိန်းဝမ် ( ၁၇) နှစ် နှင့် မ ဆိုင်းခေါန် ( ၁၈) နှစ် တို့ သည် ယနေ့ ဇန်န၀ါရီလ (၁၁) ရက်နေ့ မနက် (၉း၀၀) နာရီ ဝန်းကျင်တွင် ဆိုင်းဖရာကျေးရွာ မှ နမ့်ယားကျေုးရွာသို့ ဆိုင်ကယ်ဖြင့် ဆင်းလာရာ နမ့်ယားကျေးရွာနှင့် ကပ်မှော်ကျေးရွာကြား အရောက်တွင် အဆိုပါလမ်းပိုင်းတွင် ရောက်ရှိနေသော မြန်မာစစ်တပ် ခလရ (၅၈) တပ်ရင်းမှ စစ်သားများက အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ် လိုက်ကြောင်း သိရသည်။ မောင်လဂွီယိန်းဝမ် မှာ နောက်ကျောဘက်ခြမ်းတည့်တည့် ထိမှန်သေဆုံးပြီး မဆိုင်းခေါန်သည် ၀မ်းဗိုက်အောက် ပေါင်ရင်းတွင် ထိမှန်သေဆုံး သွားကြောင်း ဒေသခံ မျက်မြင်များရဲ့ ပြောပြချက် အရ သိရှိရပါတယ်။

ဇန္နဝါရီလမှ စတင်ကာ စစ်အစိုးရ စစ်တပ်ဟာ ကချင်ပြည်နယ် ဖါးကန့်ဘက်သို့လည်း စစ်အင်အား အလုံးအရင်း တိုးချဲ့ချီတက်လာကာ ဖါးကန့်လမ်း တလျှောက်မှာ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ပြေး ဒုက္ခသည်များလည်း တနေ့ထက်တနေ့ ပိုမိုများပြားလာနေပါတယ်။ ကေအိုင်အေနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲဖြစ်ပွားလာခဲ့တာ ၇ လ ရှိလာပြီး စစ်ပြေးဒုက္ခသည်ဟာလည်း ယခုချိန်တွင် ၆၀၀၀၀ (ခြောက်သောင်း) ဝန်းကျင်ထိ တိုးများလာပြီး အားလုံးဟာ အကူအညီများစွာ လိုအပ်နေပါတယ်။

0 comments: