Saturday, January 07, 2012

သိန်းစိန် စစ်တပ်မှ အလယ်တန်း ကျောင်းသားသူငယ်များကို ပေါ်တာ အဖြစ် ဖမ်းဆီးနေ...

  Saturday, January 7, 2012
W.P Moses
  
သိန်းစိန်၊ မင်းအောင်လှိုင်တို့ရဲ့ သား ခလရ - ၁၃၈ တပ်ရင်းမှူး မြင့်သိန်း

 ကချင်ပြည်နယ် ဆွမ်ပရာဘွမ် ကားလမ်းပေါ်ရှိ ခဂရန်း (Hka Garan) ကျေးရွာမှာ ရောက်ရှိနေတဲ့ ပူတာအို ဗျူဟာ အတွင်းမှာ ပါဝင်တဲ့ သိန်းစိန် စစ်တပ် ခလရ (၁၃၈) တပ်ရင်းမှူး မေဂျာ မြင့်သိန်း ဦးဆောင်တဲ့ စစ်ကြောင်း အင်အား (၄၀) ကျော် စစ်တပ်တို့ဟာ ခဂရန်း ကျေးရွာရှိ အလယ်တန်းကျောင်း ကျောင်းဆင်း ချိန်တွင် စောင့်နေကာ ယင်းကျောင်းမှ ကျောင်းသားကြီးများကို ပေါ်တာအဖြစ် ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ရွာခံများမှ သိရှိ ရပါတယ်။ ဘယ်နှစ်ယောက် ဖမ်းဆီးခေါ်ဆောင် သွားတယ် ဆိုတာကို အသိ အကျမသိ ရသေးပါ။ ယင်းကျေးရွာမှ လူငယ်နှင့် အရွယ်ရှိလူကြီးများဟာ လဆန်း ၄ ရက်နေ့ ကတည်းက စစ်တပ်တို့မှ ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်မှာကို စိုးရိမ်သဖြင့် တောထဲသို့ အားလုံး ထွက်ပြေး တိမ်းရှောင်နေရာ ယခုလို အရွယ်မရောက်၊ အသက် ငယ်သေးတဲ့  ကျောင်းသားများကို သိန်းစိန် တပ်တို့မှ ပြန်လည် မြှားဦး လှည့်လာခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

နိုင်ငံတကာရဲ့ ဥပဒေ အရ ကလေးလူငယ်များကို နိုင်ငံတော်မှ ကာကွယ်စောင့်ရှောက် လမ်းပြပေးရမည် ဆိုတဲ့ ဥပဒေများကိုလည်း သိန်းစိန်၊ မင်းအောင်လှိုင် စစ်တပ်တို့မှ နိုင်ငံတကာရဲ့ ဥပဒေကို အရေးမထား၊ ဂရုမစိုက် ကိုယ့်စိတ်ကြိုက် ချိုးဖောက် နေတာ ဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

 အနာဂါတ်မဲ့၊ ကယ်တင် ကူညီမယ့်သူများကို အားကူးစွာ မျှော်လင့်နေတဲ့ ကချင်စစ်ပြေး ဒုက္ခသည် ကလေးသူငယ်များ...

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တိုင်းရင်းသားများကို ဗမာ စစ်တပ်မှ လက်ဝါးကြီးအုပ် စိုးမိုးနေပြီး တိုင်းရင်းသား လူမျိုးများကို ညှင်းပန်းနှိပ်စက်၊ တိုင်းရင်းသူတွေကို မဒိန်းကျင့် သတ်ဖြတ်၊ ကလေး သူငယ်များ၊ အရွယ်မရောက်သေးတဲ့ ပြည်သူပြည်သားများကို ဖမ်းဆီး ညှင်းပန်းနှပ်စက် နေတာဟာ ယနေ့ထိတိုင်တွေ့မြင် ခံစားနေရပါတယ်။

လွန်ခဲ့တဲ့နှစ် ဇွန်လ ကတည်းက ၁၇ နှစ်ကျော် တိုင်တိုင် အပစ်ရပ် ငြိမ်းချမ်းရေး ယူထားတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ငြိမ်းချမ်းရေး ပျက်ပြားကာ ပြန်လည် စစ်ပွဲဖြစ်လာခဲ့သည်မှာ ယနေ့ထိဆိုရင် (၇) လ ကျော်လာပြီ ဖြစ်တဲ့ အားလျော်စွာ ကချင်နှင့် တခြား တိုင်းရင်းသား ပြည်သူ စစ်ပြေးဒုက္ခသည်ဟာ (၅၀၀၀၀) ငါးသောင်း ကျော်ရှိနေပြီး အများစုမှာ ကေအိုင်အေ ထိန်းချုပ်ရာ နယ်မြေထဲမှာ သွားရောက် ခိုလှုံနေသလို တခြား မရည်တွက်နိုင်တဲ့ စစ်ပြေး ဒုက္ခသည်များဟာ တောတောင်၊ တောင်ကြား ထဲတွင် ဆင်းရဲ ဒုက္ခ အမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရပါတယ်။


0 comments: