W.P Moses
စစ်မှန်သောလိုအပ်မှု
အကောင်းဆုံးကြိုးစား သွားရင်တော့ အကောင်းဆုံး ရလဒ်တွေကို ရမှာပါ....
ဒါတွေဟာ ပြည်သူတွေလိုချင်တဲ့ ငြိမ်းချမ်းမှုလား....
ကမ္ဘာပေါ်မှာ အလိုအပ်ဆုံးဟာ ဘာလဲ..
အရေးအကြီးဆုံးကကော ဘာတွေလဲ…
အမြတ်နိုးဆုံး အရာတွေကဘာလဲ…
တန်ဖိုးအကြီးဆုံးကကော ဘာတွေလဲ…
အကောင်ဆုံးကကော ဘာအရာတွေဖြစ်သလဲ…
လူဆိုတာဟာ လူသား တစ်ယောက်ပါပဲ..
အဲဒီ လူသားဟာ ခံစားချက်ရှိတယ်..
ဝမ်းနည်းကြေကွဲခြင်း ဆိုတာလဲရှိပါတယ်..
လူတစ်ယောက်အပါ် နားလည်မှုလည်းရှိတယ်…
စာနာတတ်တဲ့ စိတ်လည်းရှိတယ်..
အမှန်တရားကိုလည်း သိတယ်..
ဒါပေမဲ့ကွာ…အခုဟာက လွန်လွန်းပါတယ်…
တစ်နှစ် နှစ်နှစ် မဟုတ်ဘူး..
လွတ်လပ်ရေးရတာ နှစ် (၆၀) တောင် ကျော်သွားပြီ..
ဒီလိုမျိုး စစ်အစိုးရရဲ့ လက်အောက်မှာ
အဖိနှိပ်ခံနေရတာ အလွန်ကိုမွမ်းကြပ်နေပြီ..
ကျွန်တော်တို့ လိုချင်တာ ဒါမျိုးမဟုတ်တာတော့ အမှန်ပဲ..
ကျွန်တော်တို့ လိုချင်တာ တကယ့်လွတ်လပ်တဲ့..
လွတ်လပ်မှုအစစ် ကိုပါ…
လူလူချင်း သနားညှာသာမှုကိုလည်းမဟုတ်ဘူး၊
လူ့အခွင့်အရေးကို ပါ…
( Not philanthropy but rights)
ဒါကို သေချာစွာ ခွဲခြား သိမြင်နိုင်ဖို့က အလွန်အရေးကြီးပါတယ်…
ကျွန်တော်တို့ တိုင်းသူပြည်သား မုန်းတာအစိုးရကို မဟုတ်ပါဘူး..
တစ်ခုတည်းသော တရားမမျှတမှု ဆိုတဲ့ဟာ ကိုပဲဖြစ်ပါတယ်…
(I hate no one but I hate only injustice.)
အားတင်းထားကြပါ...

0 comments:
Post a Comment