Saturday, January 14, 2012

ဝမ်းဗိုက်ထဲမှ (၄) လသား ကလေးငယ်

 Saturday, January 14, 2012


(၁၁.၁.၂၀၁၂) ရက်နေ့ ကချင်ပြည်နယ် ဖားကန့်လမ်း၊ နမ့်ယာ-ကပ်မော် ကြားတွင် မြန်မာ
စစ်အစိုးရ စစ်တပ် (ခလရ-၅၈) ရဲ့ ပစ်ခတ် သတ်ဖြတ်ခြင်း ခံရသော
ကိုယ်ဝန်ဆောင် ကျောင်းဆရာမ ဒေါ်ယိန်းဝမ် ၏ ၀မ်းဗိုက်ထဲမှ (၄) လသား ကလေးငယ်။ မိခင်ကိုတော့ သဂြိုလ် လိုက်ပြီဖြစ်ပါတယ်။

စစ်အစိုးရ နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အပြစ်မဲ့ ပြည်သူလူထုများဟာ စစ်မြေဇာ အဖြစ် ဆင်းရဲ ဒုက္ခ ပေါင်းစုံ တွေ့ကြုံ ခံစားနေကြရပါတယ်။ စစ်အစိုးရ စစ်တပ်တို့မှ ပြည်သူပိုင် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ ပြည်သူများကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း၊ ကချင်အမျိုးသမီးနဲ့ တခြား တိုင်းရင်း သူ တွေကို မဒိန်းကျင့် သတ်ဖြတ်ခြင်း စတဲ့ စစ်ရာဇဝတ်နှင့် လူ့အခွင့်အရေးကို ချိုးဖောက်နေပါတယ်။

0 comments: