Friday, November 04, 2011

K.I.A ရှေ့တန်းနယ်မြေ သို့ ခရစ်ယာန် ဆရာများမှ သွားရောက် ဆုတောင်းပေး

Friday, November 4, 2011

နိုဝင်ဘာလ ၄ ရက် K.I.O/K.I.A ဗဟိုကော် မတီ အရာရှိများနှင့် လိုင်ဇာနှစ်ခြင်း ခရစ်ယာန် သင်းအုပ် ဆရာတော်များ၊ ရပ်မိ ရပ်ဖများတို့မှ K.I.A တပ်ရင်း (၂၃) ရှေ့တန်းနယ်မြေ ဖြစ်တဲ့ အင်းသပ်ဘွမ်သို့ သွားရောက်ပြီး ရှေ့တန်းနယ်မြေမှ K.I.A စစ်သည်တော်များ အတွက် ဆုတောင်း ကောင်းချီး ပေးခဲ့ကြောင်းနှင့် လူအပ်တဲ့ ပစ္စည်း များကို ပံ့ပိုးပေး ခဲ့ကြောင်း သိရှိ ရပါတယ်။ လိုင်ဇာမြို့မှ အသင်းသူ အသင်းသားများ ကလည်း ရှေ့တန်းနယ်မြေမှ K.I.A စစ်သည်တော်များ စားသုံးဖို့ရန် ဟင်းလျာ များကို ချက်ပြုတ် ယူသွား ပေးခဲ့ကြောင်း သိရှိရပါတယ်။
စစ်အစိုးရ စစ်တပ်ရဲ့ စစ်ကားကြီးများ

တဆက်တည်းမှာဘဲ နိုဝင်ဘာလ ၄ ရက် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့အကြား မန်မော် လွယ်ဂျေလမ်းရှိ ခဝမ်ဘန်နှင့် လော်ဒန်အကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ ယင်းတိုက်ပွဲတွင် K.I.A ဘက်မှ (၂) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်း (၂) ဦးကို ယခုချိန်တွင် မိုင်ဂျာယာန် ဆေးရုံမှာ ဆေးကုသ ခံယူနေကြောင်း သိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်ဘက်မှ မည်မျှ ကျဆုံးပြီး ထိခိုက်ခဲ့တယ်ဆိုတာကိုတော့ အသိအကျ မသိရှိရသေးပါ။

တဆက်တည်းမှာဘဲ နိုဝင်ဘာလ ၄ ရက် ကချင်ပြည်နယ် ဗန်းမော်မြို့ သဘောင်္ဆိပ်ကမ်းသို့ စစ်အစိုးရ စစ်သဘောင်္ကြီး (၃) စီးရောက်ရှိလာကြောင်း၊ ယင်း သဘောင်္တွင် စစ်အစိုးရ စစ်တပ်ရဲ့ စစ်လက်နက် အပြည့်တင်ဆောင်လာပြီး ယင်းလက်နက်များကို ဒီနေ့ဘဲ ဗန်းမော်မြို့မှ စစ်ကားကြီး (၁၈) စီးဖြင့် လာ ရောက် သယ်ဆောင်သွားပြီ ဖြစ်ကြောင်း မျက်မြင်များထံမှ စုံစမ်းသိရှိရပါတယ်။ ယင်း စစ်လက်နက်များကို ခူးလီဘက်ရှိ လိုင်နောင်းခူးသို့ သယ်ဆောင်သွားကြောင်း ဆက်လက်စုံစမ်း သိရှိ ရပါတယ်။ လက်နက် လာရောက်သယ်ဆောင်ချိန်တွင် ဗန်းမော်မြို့ ကားလမ်းများကို တာဝန်ရှိသူများမှ လမ်းများပိတ်ဆို့ထား ကြောင်း သိရှိရပါတယ်။

0 comments: