Thursday, November 03, 2011

ကချင်ပြည်နယ် သို့ စစ်အစိုးရ စစ်အင်အား ဆက်တိုက် ပို့နေ

Thursday, November 3, 2011

ကချင်ပြည်နယ် မြို့ကြီးများသို့ စစ်အစိုးရ စစ်တပ်တို့မှ နေ့တိုင်း ညတိုင်း မီးရထားဖြင့် စစ်အင်အားများကို ပို့လွှတ်နေကြောင်း သိရှိရပါတယ်။ ယခုချိန်မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီး မလာသည်ကို အခွင့်ကောင်းယူကာ စစ်အင်အား နေ့ည စေလွှတ် အင်အားဖြည့်တင်းနေ ကြောင်း သိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်တို့မှ ဒီလိုမျိုး စစ်အင်အား ဖြည့်တင်းနေခြင်းဟာ ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A ကို အမြှစ်ပျက် ချေမှုန်းရန် ရည်ရွယ်ချက်ဖြင့် စစ်အင်အား ဖြည့်တင်း နေကြောင်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ မြစ်ကြီးနား ဗန်းမော်လမ်း၊ မလိခ အရှေ့ဘက်ခြမ်း ဂျာအိန်ယာန်နှင့် ရှဒန်ပါ ဘက်သို့လည်း စစ်အစိုးရ စစ်တပ်တို့မှ နေ့တိုင်း ရဟတ်ယာဉ် (Helicopter) ဖြင့် စစ်အင်အားများ နှင့် လက်နက်ကြီးနှင့် ခဲယမ်းများကို အင်အားဖြည့်တင်း နေကြောင်း ရှေ့တန်း K.I.A သတင်းများ အရ သိရှိရပါတယ်။

0 comments: