Wednesday, November 02, 2011

စစ်အစိုးရ စစ်တပ်မှ ကချင်ပြည်နယ် သို့ စစ်အင်အားတိုးချဲ့

Wednesday, November 2, 2011
Kachin Independence Army

နိုဝင်ဘာလ ၂ ရက် ကချင်ပြည်နယ် မြစ်ကြီးနားမှ စစ်အစိုးရ စစ်တပ်မှ စစ်သားအပြည့် တင်ဆောင် ထားသော စစ်ကားကြီး (၂) စီးဟာ ဒီန့ ညနေပိုင်း (၅) နာရီခန့်မှာ ကချင်ပြည်နယ် နောင်းနန် အနီးရှိ (၁၀) မိုင်ရွာမှ ဧရာဝတီ အထက် တန်ဖရဲ ဘက်သို့ ဦးတည် ထွက်သွားပြီ ဖြစ်ကြောင်း မျက်မြင်များ၏ ပြောပြချက်အရ သိရှိရပါတယ်။

မြန်မာ့ လေတပ်မှ ဒုဗိုလ်ချုပ်ကြီး မြတ်ဟိန်း (အပြာ) တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (အနီ)

တဆက်တည်းမှဘဲ မကွေးအခြေစိုက် စစ်အစိုးရ စစ်တပ် တပ်မ (၈၈) ဟာလည်းဘဲ ကချင်ပြည်နယ် K.I.A စစ်နှင့် စစ်အစိုးရ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားရာ နယ်မြေဘက်သို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၂) ရင်းဟာ ယခုချိန်မှာ ကချင်ပြည်နယ် မိုးညင်းမြို့မှာ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဆက်လက်စုံစမ်း သိရှိရပါတယ်။

စစ်အစိုးရ စစ်တပ်တို့ဟာ K.I.A နှင့် တိုက်ပွဲဖြစ်ပွားရာ နယ်မြေများသို့ စစ်အင်အား အမျိုးမျိုးဖြင့် ဖြည့်တင်းနေတာ တွေ့နေ ရပါတယ်။ မကြာခင်မှာ တိုက်ပွဲများဟာ ပိုမိုပြင်းထန်လာနိုင်ကြောင်း စစ်ဘက်လေ့လာ သူများက သုံးသပ်နေကြပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှာ K.I.A တပ်မတော်ဟာ ထင်ထားသည် ထက် အင်အား ကြီးမားပြီး စစ်အစိုးရ စစ်တပ်တို့ရဲ့ မှန်းချက်နှင့် နှမ်းထွက် မကိုက်ဖြစ်နေတာကို တွေ့မြင်နေရပါတယ်။ စစ်အစိုးရ စစ်တပ်တွင်းမှာလည်း အချင်းချင်း အထင်အမြင်တွေ မတူညီမှုကြောင့် မတည်မငြိမ်ဖြစ်နေတာကို သိရှိရပါတယ်။


0 comments: