Thursday, November 03, 2011

စစ်အစိုးရ စစ်ကားကြီးများ ဝိုင်းမော်ဘက်သို့ ဦးတည်သွားပြီ

 Thursday, November 3, 2011

နိုဝင်ဘာလ ၃ ရက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ စစ်အစိုးရ စစ်တပ်တို့မှ စစ်သားများ အပြည့် တင်ဆောင်ထားသော စစ်ကားကြီး (၁၁) စီးဟာ ဒီမနက် (၁) နာရီတွင် ကချင်ပြည်နယ် မြစ်ကြီးနား ဗလမင်းထင် ဧရာဝတီမြစ်ကူး တံတားကိုဖြတ်၍ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း ဝိုင်းမော် ဘက်သို့ ဦးတည် သွားပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံများမှ တဆင့် သိရှိရပါတယ်။ ထို့အတူ ဒီမနက် (၆း၃၀) နာရီခန့် တွင်လည်း စစ်အစိုးရ စစ်တပ်တို့ဟာ မြင်း များ တင်ဆောင်ထားသော စစ်ကားကြီး (၁၉) စီးနှင့် လက်နက် အပြည့် တင်ဆောင်ထားသော စစ်ကားကြီး (၂) စီး သည်လည်း ဗလမင်းထင် တံတားကိုဖြတ်၍ ဝိုင်းမော် ဘက်ခြမ်းသို့ ထွက်ခွါ သွားပြီဖြစ်ကြောင်း မျက်မြင် သက်သေများမှ စုံစမ်းသိရှိရပါတယ်။

0 comments: