Wednesday, November 02, 2011

K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ စစ်မျက်တိုင်းမှာ တိုက်ပွဲပြင်းထန်

Wednesday, November 2, 2011

နိုင်ဝင်ဘာလ ၂ ရက် ဒီနေ့တွင် ရှမ်းပြည်နယ် အခြေစိုက် ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၃၆) နှင့် (၃၈) တို့နှင့် စစ်အစိုးရ စစ်တပ်တို့အကြား ဒီနေ့မှ စတင်ပြီး တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ ဒီနေ့ ဖြစ်ပွားခဲ့တဲ့ နမ်ဖျင်တိုက် ပွဲမှာ စစ်အစိုးရ စစ်တပ်ဘက်မှ (၁၀) ဦး ကျဆုံးသွားပြီး (၃၀) ထိခိုက် ခဲ့ကြောင်း၊ မန်ဂျတ်တိုက်ပွဲတွင် စစ်အစိုးရ စစ်တပ်ဘက်မှ (၅) ဦး ကျဆုံးသွားပြီး (၄၀) ဝန်းကျင် ထိခိုက် ခဲ့ကြောင်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ နိုဝင်ဘာလ ၂ ရက်နေ့ K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၁၉) နယ်မြေမှာ K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့အကြာ ညနေဆည်းဆာအချိန်တွင် ပြန်လည် တိုက်ပွဲဖြစ် ပွားလာခဲ့ကြောင်း သိရှိရပါတယ်။ ကချင်ပြည်နယ် ဒေါ့ဖုန်းယာန် အခြေစိုက် စစ်အစိုးရ စစ်တပ် ခလရ (၁၄၂) တို့က ဟန်ကိုင်တောင်မှ ၁၂၀ မမ ဖြင့် K.I.A ရှေ့တန်းနယ်မြေဘက်သို့ အဆက်မပြတ် ပစ်သွင်းနေကြောင်း သိရှိရပါတယ်။

တဆက်တည်းမှာ ဘဲ K.I.A တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ကချင်ပြည်နယ် ဂါးရာယာန်ကျေးရွာတွင် ဒီနေ့ တစ်နေ့လုံး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ ဒီနေ့ တိုက်ပွဲမှာ စစ်အစိုးရ စစ်တပ်ဘက်မှ (၁၀) ဦး ကျဆုံးသွားခဲ့ပြီး (၁၀) ဦးကျော် ထိခိုက် ခဲ့ကြောင်း ဆက်လက် သိရှိရပါတယ်။




0 comments: