Monday, October 31, 2011

K.I.A တပ်များမှ ဝင်တိုက်

Monday, October 31, 2011
K.I.A ကို ထိုးစစ်ဆင်ခိုင်းနေတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်

အောက်တိုဘာလ ၃၀ ရက် K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်းများမှ ညနေပိုင်း ၇း၀၀ နာရီ ဝန်းကျင်တွင် ဗန်းမော် အင်းမောက်နှင့် ခဝမ်ဘန် ကျေးရွာ သွားရာလမ်းနှင့် ခဝမ်ဘန်မှာ ရောက်ရှိ အခြေစိုက်နေတဲ့ စစ်အစိုးရ စစ်တပ်တို့ကို K.I.A တို့မှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း စုံစမ်း သိရှိ ရပါတယ်။ K.I.A တို့မှ ဝင်ရောက် စီးနင်း တိုက်ခိုက်ရခြင်းရဲ့ အကြောင်းရင်းမှာ စစ်အစိုးရ စစ်တပ် တို့ဟာ ဆင်လွမ်လမ်း၊ လော်ဒန်လမ်း၊ လော်ဒန် ကရုန်ဘက်သို့ စစ်အင်အား အလွန်ချီတက် ထိုးစစ် ဆင်လာ မှုကြောင့် စစ်အစိုးရ စစ်တပ်ရဲ့ နောက်တန်းများကို K.I.A တို့မှ ဝင်ရောက် စီးနင်း တိုက်ခိုက် ခဲ့ခြင်း ဖြစ်တယ်လို့ K.I.A အရာရှိများမှ ပြောကြားချက်အရ သိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်ဘက်မှ ဘယ်နှစ်ယောက် ကျဆုံး သည်ကို မသိရသေးပေမယ့် K.I.A စစ်တပ်ဘက်မှာ တော့ ထိခိုက် ကျဆုံးမှု မရှိခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။

ဂါးရာယာန်သို့ စစ်အစိုးရ စစ်တပ်အင်အားဖြည့်

K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ကချင်ပြည်နယ် အင်းသပ်ဘွမ် (တောင်) မှာ တိုက်ပွဲဖြစ်ပွား နေခဲ့ရာ စစ်အစိုးရ စစ်တပ်ဘက်မှ အကျအဆုံး များပြားလာမှု ကြောင့် စစ်အစိုးရ စစ်တပ်တို့ အင်းသပ်ဘွမ်မှ ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ ဒါပေမယ့် စစ်အစိုးရ စစ်တပ်တို့ဟာ ဂါးရာယာန်ကျေးရွာတွင် စစ်အင်အား အမြောက်အများ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ လက်နက် ကြီးများဖြင့်လည်း ရွာထဲများတွင် ပစ်သွင်းနေကြောင်း စုံစမ်း သိရှိရပါတယ်။

0 comments: