Saturday, November 05, 2011

စစ်အစိုးရ စစ်တပ် တပ်မ (၈၈) ကချင်ပြည်နယ်ရောက်ပြီ

Saturday, November 5, 2011

နိုဝင်ဘာလ ၅ ရက် ကချင်ပြည်နယ်  မြစ်ကြီးနားမြို့ကနေ တဆင့် ထွက်ခွာသွားတဲ့ စစ်အစိုးရရဲ့ အောက်ပိုင်း စစ်တပ် တပ်မ (၈၈) ဟာ ယခုချိန်တွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့ အခြေစိုက် ခလရ (၅၈) သို့ ရောက်ရှိ နေပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်းတပ်မ (၈၈) တို့ဟာ ဆက်လက်ထွက်ခွာဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ တဆက်တည်းမှာဘဲ ယခုချိန်မှာ စစ်အစိုးရ စစ်တပ်ဟာ အင်အားဖြည့်တင်းဖို့ နေ့တိုင်း အောက်ပိုင်းမှ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ မီးရထားဖြင့် ချီတက်ရောက်ရှိနေကြောင်း မျက်မြင်များထံမှ သိရှိရပါတယ်။

Kachin Independence Army

တဆက်တည်းမှာဘဲ K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်းများမှ K.I.A စစ်သည်တော်များဟာ နိုဝင်ဘာလ ၃ ရက် ၄ ရက် နေ့အတွင်း ကချင်ပြည်နယ် ဂါးရာယာန် ကျေးရွာမှာ အခြေချ စခန်းထိုင်နေတဲ့ စစ်အစိုးရ စစ်တပ်တို့ကို ဝင်ရောက် စီးနင်းတိုက်ခိုက် သိမ်းပိုက်နိုင် ခဲ့ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ ယင်းတိုက်ပွဲများတွင် စစ်အစိုးရ စစ်တပ်ဘက်မှ (၅၀) ကျဆုံးသွားပြီး ထိခိုက်ဒဏ်ရာ ရရှိသူများကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ကျန်စစ်အစိုးရ စစ်သားများမှာ ရှေ့တန်းနယ်မြေမှ ထွက်ပြေးသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။ ယခုချိန်တွင် ဂါးရာ ယာန်ကျေးရွာကို K.I.A တပ်တို့မှ နေရာယူထားလိုက်ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

0 comments: