Wednesday, November 02, 2011

ကချင်ပြည်နယ် ဂါးရာယာန်မှာ တိုက်ပွဲဆက်ဖြစ်

Wednesday, November 1, 2011

နိုဝင်ဘာလ ၁ ရက် ကချင်ပြည်နယ် ဂါးရာယာန် ကျေးရွာမှာ K.I.A တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရပါတယ်။
ကိုယ့် ကိုယ်ကျိုးကိုသာ ကြည့်ကြတဲ့ စစ်အစိုးရ စစ်တပ်မှ အထက်အရာရှိများ

တဆက်တည်းမှာဘဲ အောက်တိုဘာလ ၃၀ ရက်နေ့ စစ်အစိုးရ စစ်တပ်ရဲ့ ရဟတ်ယာဉ် (Helicopter) တစ်စီးဟာ တိုက်ပွဲနယ်မြေဖြစ်တဲ့ ဆိုင်းမိုင်၊ နမ်ထွန်တောင် ဘက်သို့ မောင်းနင်လာခဲ့ရာ K.I.A တို့မှ ယင်း ရဟတ်ယာဉ်ကို G-4 သေနတ်ဖြင့် ပစ်လိုက်ရာ ယင်း (Helicopter) ကို ထိမှနန် သွားပြီး  ဒယိမ်းဒယိုင်ဖြင့် ရှေ့တန်းနယ်မြေမှ ပြန်လည် မောင်းနင် ထွက်ပြေးသွားကြောင်း သိရှိရပါတယ်။

တက်ဆက် တည်းမှာဘဲ နိုဝင်ဘာလ ၁ ရက်နေ့ K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း များနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ဗန်းမော် လိုင်ဇာလမ်း ခဝမ်ဘန် အထက် လော်ဒန်ကုန်း အောက်မှာ ပြန်လည် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိ ရပါတယ်။ စစ်အစိုးရ စစ်တပ် ဘက်မှ အကျအဆုံး များပြား လာနေကြောင်းလည်း သိရှိ ရပါတယ်။

ကချင်ပြည်နယ် K.I.A နှင့် စစ်အစိုးရတို့ လွန်ခဲ့တဲ့ ဇွန်လ (၉) ရက်ကနေ စတင်ဖြစ်ပွားလာတဲ့ တိုက်ပွဲအတွင်း စစ်အစိုးရဘက်မှ စစ်သား (၁၄၀၀) ကျော် ကျဆုံး (သေဆုံး) ပြီဖြစ်ကြောင်းနှင့် ဤစာရင်းတွင် စစ်ပွဲ၌ ဒဏ်ရာရရှိပြီး စစ်မြေပြင်သို့ ပြန်လည်း မသွားရောက်နိုင်တော့သော စစ်သားများ မပါရှိကြောင်း စစ်အစိုးရ စစ်ဗိုလ်များမှ အထက်သို့ ပေးပို့သော ကြေးနန်းမှ ဖမ်းယူ ရရှိသော သတင်းဖြစ်ကြောင်း သိရှိရပါတယ်။


0 comments: