Monday, December 19, 2011

သိန်းစိန် အစိုးရ ကချင်နယ်မြေသို့ စစ်အင်အားတိုးချဲ့၊ လူ့အခွင့်အရေး ချိုးဖောက်နေ

Monday, December 19, 2011

သိန်းစိန် အစိုးရဟာ ကချင်နယ်မြေသို့ စစ်အင်အား အဆမတန် တိုးချဲ့နေခြင်း သာမကဘဲ ကချင်နယ်မြေနှင့် ရှမ်းပြည်နယ်မြောက်ဘက် စစ်ဖြစ်ပွားနေတဲ့ အနီးအနား ကျေးရွာများမှ ပြည်သူပြည်သားများကို ပေါ်တာခေါ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို မဒိန်းကျင့် သတ်ဖြတ်ခြင်း စသည် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ပြုလုပ်နေခဲ့တာ ယနေ့ အချိန်အထိ ဖြစ်တယ်လို့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် အဖွဲ့အစည်းနှင့် ကချင် အမျိုးသမီးအဖွဲ့ (ထိုင်းနိုင်ငံ အခြေစိုက်) KWAT များရဲ့ ထုပ်ပြန်ချက်များ အရ သိရပါတယ်။



သမ္မတ သိန်းစိန်ဟာ ကချင်နယ်မြေဘက်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ စစ်အင်အား တိုးချဲ့မှုနှင့် ထိုးစစ် ဆင်မှုများကို ရပ်ဆိုင်းရန် မင်းအောင်လှိုင်ကို ညွန်ကြားစာ ပေးပို့ခဲ့ပေမယ့် ဒီအတောအတွင်း စစ်အင်အားများကို မီးရထားဖြင့် သော်လည်းကောင်း၊ သင်္ဘောဖြင့် သော်လည်းကောင်း၊ ရဟတ်ယာဉ်ဖြင့် သော်လည်းကောင်း အဆမတန် ပိုမိုတိုးချဲ့ နေကြောင်း ကေအိုင်အေရဲ့ ပြောဆိုမှုအရ သိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်တို့ဟာ မိုးညှင်း၊ မိုးကောင်း၊ စသည့် မီးရထား သံလမ်းနား ကျေးရွာများမှ ပြည်သူပြည်သားများကို ညဘက် မီးရထားလမ်း လုံခြုံရေးအဖြစ် အတင်းအဓ္ဓမ စောင့်ခိုင်းခြင်း ပြုလုပ်နေခဲ့ပါတယ်။


သိန်းစိန် အစိုးရ တို့မှ ကချင်နယ်မြေဘက်သို့ စစ်အင်အား ပို့ဆောင်နေတဲ့ မြစ်ကြီးနား-မန္တလေး မီးရထားလမ်း ဖြစ်တဲ့ နဘားကျေးရွာ အောက်ဘက်ရှိ မဲဇာ မြို့အနီးမှ မီးရထား သံလမ်းကို ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် သိန်းစိန် စစ်သားများနှင့် စစ်ရိက္ခာများကို မီးရထားဖြင့် ပို့ဆောင်ဖို့ ခက်ခဲအောင် ပြည်သူ့တပ် ကေအိုင်အေ တို့မှ ပြည်သူများကို ထိခိုက်မှု မရှိစေဘဲ မီးရထား မသွားနိုင်အောင် ပြုလုပ်လိုက်ကြောင်း သိရှိ ရပါတယ်။

W.P Moses

0 comments: