Tuesday, December 20, 2011

ကင်ဂျုံအီး သေဆုံးအပြီး အာရှစတော့ရှယ်ယာ ဈေးများကျဆင်း

Tuesday, December 20, 2011

တနင်္လာနေ့က မြောက်ကိုရီးယားနိုင်ငံမှ ခေါင်းဆောင် ကင်ဂျုံအီ သေဆုံးအပြီးတွင် အာရှတိုက်ရှိ စတော့ရှယ်ယာ ဈေးများကျဆင်းခဲ့ရကာ ဒေါ်လာဈေး မြင့်တက်ခဲ့ပြီး ဝမ်ငွေဈေးမှာလည်း နှစ်လအတွင်း အနိမ်ဆုံးသို့ ကျဆင်းခဲ့ရကြောင်း သိရသည်။ အလားတူပင် ဥရောပနိုင်ငံများအနေဖြင့်လည်း စီးပွားရေးအကြပ်အတည်းများနှင့် နပမ်း လုံးနေရကြောင်း သိရသည်။


တိုကျိုရှိ MSCI Asia Pacific ၏ အညွန်းကိန်းမှာ ၁.၉ ရာနှုန်းသို့ ကျဆင်းခဲ့ရပြီး တောင်ကိုရီးယား ရှိ Kospi အညွန်း ကိန်းမှာလည်း ၃.၄ ရာနှုန်းနိမ့်ကျခဲ့ရကာ Standard & Poor ၏ 500 အညွန်းကိန်းမှာလည်း ၀.၅ ရာနှုန်း ကျဆင်းခဲ့ရသည်။

အလားတူပင် Euro Stoxx 50 ၏ စတော့အညွန်းကိန်းမှာ ၁.၁ ရာနှုန်းကျဆင်း ခဲ့ရသည်။ ဒေါ်လာတန်ဖိုးမှာ ယူရိုငွေကြေးထက် စာပါက မြင့်တက်ခဲ့ရပြီး ၁.၃၀၁၄ သို့ ရောက်ရှိခဲ့ကာ တောင်ကိုရီးယား ဝမ်ငွေထက် စာပါက ၁.၄ ရာနှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ မြောက် ကိုရီးယား ခေါင်းဆောင်ကြီး သေဆုံးရမှုနှင့်အတူ ဥရောပနိုင်ငံများအတွင်း အကြွေးပြဿနာများ ဖြစ်ပွားနေရမှုနှင့် ပြင်သစ်မှာလည်း ယူရို ၇ ဘီလီယံ ပမာဏရှိသည့် အစိုးရငွေချေး စာချုပ်များကို ရောင်းချနိုင်ရန် ကြိုးစားနေရမှုစသည့် အခြေအနေသုံးရပ် တစ်ပြိုင်နက် ပေါင်းဆုံနေသဖြင့် ယခုလို ဖြစ်ရခြင်းဖြစ်ကြောင်းလည်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
 
zogam

 

0 comments: