Friday, December 23, 2011

အစိုးရတပ်မများ ကချင်ပြည်နယ် ထပ်ပို့

Friday, December 23, 2011

မကြာမီရက်ပိုင်း အတွင်း KIO နှင့် အစိုးရတို့ နိုင်ငံရေး ဆွေးနွေးရန် စီစဉ်နေသော်လည်း နှစ်ဘက် စစ်ဖြစ် နေသည့် ကချင် ပြည်နယ် အတွင်းသို့ အစိုးရစစ်တပ်များ ထပ်ပို့နေဆဲဖြစ်ကြောင်း စစ်ဘက် အသိုင်းအဝိုင်း အဆိုအရ သိရသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်

ယခုလ ၁၈ ရက်နေ့က နိုင်ငံရေးအဆင့် ဆွေးနွေးပွဲ စတင်ရန် KIO ထံ အစိုးရမှ ကမ်းလှမ်းစာ ပေးပို့ခဲ့ပြီး ၎င်းနေ့မတိုင်မီ ယခုလ ၁၇ ရက်နေ့က အစိုးရ တပ်မ ၄၄ လက်အောက်ခံတပ်များ မြစ်ကြီးနားမြို့သို့ ရောက်ရှိလာပြီး နောက်ထပ်တပ်မ ၆၆ ပါ ထပ်ပို့ရန် စီစဉ်နေကြောင်း တရုတ်နယ်စပ် စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက ဆိုသည် ။

“၃ လအတွင်းမှာ တပ်မ ၈၈ က ၃၅၆ ယောက်သေကြေ ဒဏ်ရာရတယ်။ သူနဲ့တပ်မ ၆၆ နဲ့လဲမယ် ၁၇ ရက်နေ့က တပ်မတော်ကာကွယ်ရး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင် တပ်မ ၆၆ ရှိတဲ့ ပြည်မြို့ကို သွားတယ်။ တပ်မရုံးက တပ်တွေကို ပြင်ထားဖို့အမိန့် ပေးပြီ။ ၆၆ ကိုပြောတာက ၈၈ လို မဖြစ်စေဖို့ ဦးမကျိုးစေဖို့ ပြောတယ်” ဟု သူက ဆိုသည် ။

အစိုးရက KIO နှင့် ဆွေးနွေးရန် ကမ်းလှမ်းနေသည့်တိုင် အခြားတစ်ဘက်၌ စစ်ရေး ပြင်ဆင်မှု ပြုလုပ်နေကြောင်း သူက ဆက်ပြော သည် ။

“ဦးအောင်သောင်းကနေ နိုင်ငံရေးအရ ဆွေးနွေးဖို့ဆိုပြီး KIO ကို ကမ်းလှမ်းတယ်။ အဲ့လို ကမ်းလှမ်းနေပေမဲ့လို့ တစ်ဘက်က စစ်ရေး အရ ပြင်နေတယ်။ ၁၀ ရက်နေ့က ဦးသိန်းစိန်က တပ်တွေကို အမိန့်ပေးပြီး ရပ်ခိုင်းတယ်လို့ ပြောတယ်။ အခုက တပ်မတွေ ထပ်တင်လာ တယ် ” ဟု ဆိုသည် ။

ယခုအခါ KIA ကို ထိုးစစ်ဆင်ရန် ကချင်ပြည်နယ်နှင့် သျှမ်းပြည် (မြောက်ပိုင်း) သို့ ရောက်ရှိနေသည့် အစိုးရတပ်မ (၇) ခုခန့် ရှိပြီး တပ်ရင်းပေါင်း ၁၂၀ ကျော်ရှိကြောင်း သိရသည်။

0 comments: