Monday, December 19, 2011

အစိုးရနှင့် ကေအိုင်အေ တိုက်ပွဲသတင်း


Monday, December 19, 2011

ရှေ့တန်း တနေရာမှ ကချင် စစ်သည်တော်များ

ကေအိုင်အေ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၆) နယ်မြေဖြစ်တဲ့ မိုင်ဂျာယာန် အနီးရှိ ဒန်ဝိုင် အနီးတဝိုက်မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် သိန်းစိန် အစိုးရ စစ်တပ်တို့နှင့် ကေအိုင်အေ တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။

လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကချင် နယ်မြေဖြစ်တဲ့ ခါလာ ကျေးရွာတွင် ကေအိုင်အေတပ်နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိ ရပါတယ်။ ယင်း ခါလာ တိုက်ပွဲတွင် စစ်အစိုးရ စစ်သား (၅) ဦးကိုလည်း ကေအိုင်အေတို့မှ စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးခဲ့ကြောင်း ဆက်လက် သိရှိရပါတယ်။



0 comments: