Tuesday, December 20, 2011

ကချင်တပ်နှင့် ဆွေးနွေးဖို့  ပြည်ထောင်စုအဆင့် ဆွေးနွေးရေးအဖွဲ့ ဖွဲ့ပြီ

Tuesday, December 20, 2011

ပြည်ထောင်စုအဆင့်  နိုင်ငံရေး ဆွေးနွေးရန် ဦးအောင်သောင်း ခေါင်းဆောင်သော ၁၁ ဦးပါ အဖွဲ့ ဖွဲ့စည်းလိုက်တဲ့အကြောင်း  အသိပေးစာအား ကချင်လွတ် မြောက်ရေးအဖွဲ့ KIO ကို အီးမေးလ် ကနေ တရားဝင် ယမန်နေ့က ပေးပို့ တယ်လို့ သိရပါတယ် ။

ဦးသိန်းစိန်က တာဝန်ပေးအပ်ပြီး ဦးအောင်သောင်း လက်မှတ်နှင့်ရောက်ရှိ လာတယ်လို့ သိရပါတယ်။

မြန်မာအစိုးရ၏ အထူးကိုယ်စားလှယ် အဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်များ နှစ်ဖက် အပစ်ခတ် ရပ်စဲနိုင်ရေး အတွက် နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ ယူနန်ပြည်နယ် ရွှေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးကြပြီးနောက် အခုလိုပြန်စာပို့လာတာပါ။
တရားဝင် အကြောင်းကြားလာသည့်အတွက် ကေအိုင်အေ ဖက်ကလည်း ဗဟိုကိုယ်စားလှယ်ဖွဲ့ပြီး တရားဝင် ထပ်မံစာပို့မယ်လို့ သိရပါတယ် ။

W.P Moses

0 comments: