Sunday, October 16, 2011

K.I.A နှင့် စစ်အစိုးရ တိုက်ပွဲများ


Sunday, October 16, 2011
ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁) တို့မှ အောက်တိုဘာလ ၁၅ ရက် လွယ်ဂျယ် ကျေးရွာနှင့် အင်ဘာပါကျေးရွာ ကြားမှာ အခြေစိုက် စခန်းချထားတဲ့ စစ်အစိုးရ စစ်တပ် ခမရ (၃၂၁) ရှေ့တန်း စခန်းဖြစ်တဲ့ မောရွှေ စစ်စခန်းကို K.I.A တပ်ရင်းတို့မှ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။
K.I.A တပ်ရင်း တို့မှ စစ်အစိုးရ စခန်းဖြစ်တဲ့ဂျန်မိုင် စခန်းကိုသိမ်းပိုက်လိုက်တဲ့ အတွက် စစ်အစိုးရ စစ်တပ်တို့မှ ဒေါသထွက်ပေါက်ကွဲကာ ယခုချန်တွင် အင်မောက်-လွယ်ဂျေသွားရာလမ်း တောင်ခြေရှိ ကျောက်စခန်းကျေးရွမှာ စစ်အင်အား အမြောက်အများ တိုးချဲ့ထားပြီဖြစ်ကြောင်းစုံစမ်း သိရှိရပါတယ်။
K.I.A တပ်ရင်း (၁၁) တို့နှင့် စစ်အစိုးရ စစ်တပ်တို့အကြား အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဖရောကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်အစိုးရ စစ်တပ်မှ (၁၀) ဦး ကျဆုံးသွားကြောင်း၊ K.I.A ဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း K.I.A ရှေ့တန်းသတင်းများ အရ သိရှိရပါတယ်။
စစ်အစိုးရ စစ်တပ်မှ K.I.A စစ်ဌာနချုပ်လိုင်ဇာကို သိမ်းပိုက်ရန်အတွက် ယခုချိန်တွင် နမ်ဆန်ချောင်းကို ဖြတ်ကျော်ပြီး စစ်အင်အားများ တိုးချဲ့လာပြီဖြစ်ကြောင်း၊ K.I.A/K.I.O ဘက်မှလည်း ရှေ့တန်း နယ်မြေများသို့ စစ်အင်အား တိုးချဲ့ ဖြန့်ချိထားပြီဖြစ်ကြောင်း၊ မကြာခင်မှ နမ်ဆန်ချောင်း တလျှောက်တွင် တိုက်ပွဲကြီးများ ဖြစ်ပွားလာမည်ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။
အောက်တိုဘာလ ၁၅ ရက်နေ့တွင် စစ်အစိုးရ စစ်တပ်မှ နမ်ဆန်ယာန်ကျေးရွာ အတွင်းသို့ လက်နက်ကြီးဖြင့် (၃) ကြိမ်ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း ရွာသားများမှ စုံစမ်းသိရှိရပါတယ်။
K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၂) နယ်မြေဖြစ်တဲ့ ဘလောင်ကျေးရွာမှာ အောက်တိုဘာလ ၁၄ ရက်နေ့ တွင်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အစိုးရ စစ်တပ်မှ (၃၀) ကျဆုံးသွားကြောင်း စုံစမ်းသိရှိရပါတယ်။ တဆက်တည်းမှာဘဲ လွယ်လဲန်ဘက်မှာလည်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ သေးကြောင်း စုံစမ်း သိရှိ ရပါတယ်။


0 comments: