Monday, October 17, 2011

ကချင်ပြည်နယ် တိုက်ပွဲများ

Monday, October 17, 2011

K.I.A အုပ်ချုပ်နယ်မြေဖြစ်တဲ့ အောင်ဂျာကျေးရွာအနီး လိုင်လွမ် လီဆူးကျေးရွာက ကျေးရွာသူကြီး ကို စစ်အစိုးရ စစ်တပ်မှ ဖမ်းဆီးညှင်းပန်း နှိပ်စက်နေကြောင်း စုံစမ်းသိရှိရပါတယ်။
တဆက်တည်းမှာဘဲ အောက်တိုဘာလ ၁၆ ရက်နေ့ နမ်ဆန်ယာန် ကျေးရွာမှ ရွာသားတစ်ဦးကိုလည်း စစ်အစိုးရ စစ်တပ်တို့မှ ဖမ်းဆီးညှင်းပန်းနှိပ်စက်ခဲ့ကြောင်း သိရှိရပါတယ်။


အောက်တိုဘာလ ၁၆ ရက်နေ့မှာ K.I.A တပ်နှင့် စစ်အစိုးရတပ်တို့အကြား ကချင်ပြည်နယ် နမ်ဆန်ယာန် အင်ဘူကောင်(ကုန်း) မှာ ပြင်းပြင်းထန်ထန်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲ စတင်ချိန်တွင် မိုးရွာခဲ့၍ စစ်အစိုးရ စစ်တပ်တို့မှာ အကုန်လုံးစိုရွှဲခဲ့ရာ စစ်ဝတ်စုံကိုချွတ်ပြီး ရွာသားများရဲ့ အဝတ်အစားများကို ယူဝတ်ကာ စစ်တိုက်ခဲ့ကြောင်း၊ စစ်အစိုးရ စစ်တပ်တို့မှာ ယခုချိန်တွင် စာသင်ကျောင်းများနှင့် ခရစ်ယာန် ဘုရားကျောင်းများတွင် နေရာယူ စခန်းချထားကြောင်း သိရှိရပါတယ်။ 

အောက်တိုဘာလ ၁၆ ရက်နေ့မှာ စစ်အစိုးရ စစ်တပ်တို့မှ K.I.A ဌာနချုပ် လိုင်ဇာကို သိမ်းပိုက်ရန်အတွက် ဆိုပြီး မြစ်ကြီးနားမြို့မှ စစ်အင်အားများကို တိုးချဲ့ စစ်ကြောင်းချီတက်လာကြောင်း မျက်မြင်များထံမှ စုံစမ်း သိရှိရပါတယ်။

 အောက်တိုဘာလ ၁၆ ရက်နေ့မှာ K.I.A တပ်ရင်းနှင့် ပြည်သူ့စစ် (MHH) တို့ပူးပေါင်းပြီး ဘန်ဒေါင်မှာ စစ်အစိုးရ စစ်တပ်တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အစိုးရ စစ်တပ်ဘက်မှ (၈၉) ဦး ကျဆုံးခဲ့ကြောင်း K.I.A ရှေ့တန်း သတင်းများ အရ သိရှိရပါတယ်။
 ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A အုပ်ချုပ်နယ်မြေဖြစ်တဲ့ အောင်ဂျာ ကျေးရွာမှာ အောက်တိုဘာလ (၁၅) ရက်နေ့က K.I.A တပ်ရင်း (၁၈) နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အစိုးရ စစ်တပ်ဘက်မှ (၂၀၀) ကျဆုံးခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ ကျဆုံး သွားသော စစ်အစိုးရ စစ်သားများတွင် အသက်ငယ်သော စစ်သားများ ပိုမိုများပြားကြောင်း၊ သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့က ဘာမှ မသိသေးတဲ့ ကလေး စစ်သားများကို အသုံးပြုပြီး K.I.A ကို ထိုးစစ်ဆင်နေကြောင်း ဒီလုပ်ရပ်တွေဟာ လူ့အခွင့်အရေးများကို ချိုးဖောက်နေကြောင်း မြင်တွေ့နေရပါတယ်။
ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A အမှတ်စဉ် (၄) ဗိုလ်လောင်း ကျောင်းဆင်း ဒုဗိုလ်ကြီး ဆိုင်းဒူအောင်နှင့် စစ်သည်တော် (၂) ဦးတို့ဟာ အောက်တိုဘာလ ၁၄ ရက်မှာ ကျဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ ကျဆုံးသွားသော K.I.A မျိုးချစ် စစ်သည်တော်များအတွက် သတိရ ဆုတောင်းပေးကြ ရန်အတွက် ကချင် တမျိုးသားလုံးမှာ တာဝန်ရှိနေပါတယ်။

ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A ဖားကန့် အခြေစိုက် တပ်ရင်း (၆) တပ်ရင်းမှူး နေရာတွင် ဒုဗိုလ်မှူးကြီး ဇော်ဒွဲအား K.I.O/K.I.A ဌာနချုပ်မှ တာဝန်ပေး လွှဲပြောင်းခဲ့ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။
ယခုချိန်တွင် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား နေရာ အနံ့များတွင် တိုက်ပွဲများ ပြင်းထန်လျက် ရှိနေပါတယ်။

0 comments: