Thursday, October 20, 2011

ကချင်ပြည်နယ် တိုင်းမှူး ပြောင်း

Thursday, October 20, 2011

Kachin Independence Army

ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ဇေယျာအောင် အား အောက်တိုဘာ (၁၈) ရက်နေ့တွင် မြောက်ပိုင်းတိုင်းရာထူးမှ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း သတင်း ရရှိပါတယ်။ ဗိုလ်ချုပ်ဇေယျာအောင် ၏နေရာတွင် မပခ စစ်ဦးစီချုပ် G1 ဗိုလ်မှူးချုပ် ကိုကိုနိုင်အား ပြန်လည် အစားထိုး ခန့်အပ် လိုက်ြ်ပီးဖြစ်ကြောင်း သတင်းရရှီပါတယ်။ ဤသို့ တိုင်းမှူး ပြောင်းလှဲရခြင်းမှာ ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော K.I.A နှင့် စစ်ပွဲများတွေင် စစ်အစိုးရ စစ်တပ်မှ အကျအရှုံး များပြား လာမှုကြောင့် ဖြစ်သည်ဟု သိရှိရပါတယ်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကျောက်စခန်း တွင် K.I.A မျိုးချစ်တပ်များနှင့် စစ်အစိုးရ စစ်တပ် တို့အ်ာကြားတိုက်ပွဲ ဖြစ်ပွားရာ စစ်အစိုးရ စစ်တပ်ဘက်မှ အကျအဆုံး များပြား လာမှုကြောင့် တပ်ဆုပ်သွားပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။ K.I.A တပ်ရင်းများမှ စစ်အစိုးရ စစ်တပ်ပိုင် လက်နက်ကြီးငယ် မြောက်များစွားကို သိမ်းဆည်းရမိကြောင်းလည်း သတင်း ရရှိပါတယ်။


အောက်တိုဘာ (၁၈) ရက်နေ့တွင် စစ်အစိုးရ စစ်တပ်မှ စစ်သားများသည် လိုင်လမ်န် လီဆူးကျေးရွာမှ လီဆူးအမျိုးသား တစ်ဦးအား လက်နှစ်ဘက် စလုံးနှင့် ခြေနှစ်ဘက် စလုံးကို အဆစ်မှ ခုတ်ဖြတ်ပေးလိုက်ပြီး ကားစင်တင်ထားကြာင်း မျက်မြင်များထံမှ စုံစမ်း သိရှိရပါတယ်။ စစ်တိုက်တဲ့အခါမှာ စစ်သားအချင်းချင်း တိုက်ခိုက်ရမယ့် အစား စစ်အစိုးရ စစ်တပ်တို့ဟာ ရွာသားများကို ညှင်းပန်း နှိပ်စက်နေမှု ဟာ မဖြစ်သင့် တဲ့ အရာဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်ရပ်ဟာ လူသားချင်း မစာနာမှုသာမကဘဲ သေလျှင် ငရဲ ထဲမှာ ဂျိုကပ်မဲ့ လုပ်ရပ်တွေဘဲ ဖြစ်ပါတယ်။


ကချင်ပြည်နယ် ၀ိုင်းမော် လိုင်ဇာ လမ်းပိုင်းရှိ ဂါးရာယန် ကျေးရွာတွင် K.I.A မျိုးချစ်တပ်နှင့် စစ်အစိုးရ စစ်တပ်တို့ တိုက်ခိုက်ရာ အောက်တိုဘာလ (၁၈) တွင် စစ်အစိုးရ စစ်တပ်ဘက်မှ အယောက် (၂၀) ကျော် ကျဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိကြောင်း သတင်းရရှိပါတယ်။

0 comments: