Friday, October 21, 2011

စစ်အစိုးရ စစ်တပ်ရဲ့ ညှင်းပန်း နှိပ်စက် သတ်ဖြတ်မှု

Friday, October 21, 2011



အောက်တိုဘာလ (၁၇) ရက်နေ့တွင် နမ့်ဆန်ယန် ကျေးရွာ၌ စစ်အစိုးရ စစ်တပ် ခမရ (၄၃၈) နှင့် ခလရ (၁၄၁) မှ စစ်သားများ ဖမ်းဆီး ပစ်ခတ်မှုကြောင့် ကျည်ဆံမှန်ပြီး ယခု လိုင်ဇာ ပြည်သူ့ဆေးရုံတွင် ဆေးကုခံနေသော ဦးဂျန်ခမ်းနော် (အသက် ၇၂)  အား တွေ့ရစဉ်။


အောက်တိုဘာ (၂၀) ရက်နေ့တွင် စစ်အစိုးရ စစ်သားများသည် နမ့်ဆန်ယန် ကျေးရွာမှ ခရစ်ယာန် ဆရာ ဦးဂမ်ထုန် အားပစ်သတ်လိုက်ကြောင်း သတင်းရရှိပါသည်။ ထို့အတူ အောက်တိုဘာ (၂၀) ရက်မှာပင် စစ်အစိုးရ စစ်သားများမှ နမ့်ဆန်ယန် ရွာသူရွာသားများဖြစ်သော မ လရှားခေါန် နှင့် သူငယ်ချင်းကို အဓမ္မ ပြုကျင့်ကာ သတ်ပစ်လိုက်ကြောင်း၊ မ လရှားခေါန် ၏ရုပ်အလောင်းကို ခုချိန်ထိမတွေ့ရသေးသော်လည်း သူမ သူငယ်ချင်း၏ ရုပ်အလောင်းကို နမ့်ဆန်ယန် မြို့လယ် ကားလမ်းမကြီးပေါ်တွင် လာရောက်ပစ်ထားကြောင်း စုံစမ်းသိရှိရပါတယ်။

 စစ်အစိုးရ စစ်တပ်တို့က ဖမ်းဆီး ညှင်းပန်း နှိပ်စက်ခံ ခဲ့ရတဲ့ ဓမ္မဆရာ ဦးအောင်လီ



0 comments: