Wednesday, October 19, 2011

K.I.A တပ်ရင်း (၁၁) စစ်သင်္ဘော ပစ်

Wednesday, October 19, 2011

အောက်တိုဘာလ ၁၇ ရက်နေ့ K.I.A တပ်ရင်း (၁၁) တို့မှ စစ်အစိုးရ စစ်တပ်တို့ မလိခမြစ် မှ စစ်အင်အား (၁၀၀) ကျော်စီ တင်ဆောင်လာတဲ့ စစ်သင်္ဘော (၂) စီးကို ခြုံခို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်

မြန်မာ အစိုးရစစ်တပ် အကျအဆုံးများ

ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊  ကျောက်စခန်း (ခ၀မ်ဘန်) အနီးတွင် အောက်တိုဘာလ ၁၇ ရက်နေ့မှ စတင်ပြီး ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်များနှင့် စစ်အစိုးရ စစ်တပ်တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေကြောင်း စုံစမ်း သိရှိ ရပါတယ်။ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲ ၀န်းကျင်တွင်  ထိခိုက် ကျဆုံးမှု များသဖြင့် စစ်အစိုးရ စစ်တပ်တို့က   နောက်ကြောင်း   ပြန်လှည့်သွားကြောင်း သိရှိရပါတယ်။ ယင်းတိုက်ပွဲတွင် စစ်အစိုးရ စစ်တပ်မှ ၄၀ နှင့် ၅၀ ကြား ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများမှ စုံစမ်းသိရှိပါတယ်။

ကျောက်စခန်း ကျေးရွာသားများအား ထိခိုက်ဒဏ်ရာရ၊ သေဆုံးသည့် စစ်အစိုးရ တပ်ဖွဲများကို သယ်ယူ စေခဲ့ကြောင်း သိရပါတယ်။ K.I.A ဘက်မှာတော့ထိခိုက် ကျဆုံးမှု မရှိကြောင်း စုံစမ်းသိရှိရပါတယ်..

K.I.A တပ်ဖွဲ့များမှ  မြန်မာအစိုးရ စစ်တပ်၏ လက်နက်ကြီးငယ်၊ ခဲယမ်းမီး ကျောက် အများအပြား သိမ်းဆည်း ရမိကြောင်း စုံစမ်းသိရှိပါတယ်။

 အောက်တိုဘာလ ၁၈ ရက်နေ့တွင် မြစ်ကြီးနား- လိုင်ဇာလမ်း၊ ၀ိုင်းမော်၊ ရွေညောင်ပင် – ဂါးရာယန် ကျေးရွာကြားတွင် တိုက်ပွဲ ဖြစ်ပွားနေသည်မှာ (၆) ရက်ကြာ ခဲ့ပြီဖြစ်ပါတယ်။ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်အစိုးရ စစ်တပ်မှ အယောက် ၂၀ ကျော် ကျဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရှိရပါတယ်။ K.I.A ဘက်မှာတော့ ထိခိုက် သေဆုံးမှု  မရှိကြောင်း သိရှိရပါတယ်။

 မြစ်ကြီးနား – လိုင်ဇာ ကားလမ်း၊ နမ်ဆန်ယန် ကျေးရွာတွင် စစ်အစိုးရ စစ်တပ် ခလရ (၁၂၁) မှကျေးရွာ ဘုန်းကြီးကျောင်းတွင် -၀င်ရောက် တပ်စွဲထားပြီး ဘုန်တော်ကြီးကျောင်း တ၀ိုက်တွင် ကတုတ်ကျင်းများ တူးထားကြောင်း သိရှိရပါတယ်။ နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်းတွင် ခမရ (၄၃၈) မှ ၀င်ရောက်နေရာ ယူထားပြီး ပတ်ပတ်လည်တွင် ကတုတ်ကျင်းများ တူးထားကြောင်း သိရှိရပါတယ်။

စစ်အစိုးရ စစ်တပ်က ကျေးရွာရှိ နေအိမ်များကို အကြောင်းမဲ့ မီးရှို့ ဖျက်ဆီး 

စစ်အစိုးရ စစ်တပ်များသည် နမ်ဆန်ယန် ကျေးရွာအတွင်းရှိ နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းများကို ဖျက်ဆီး နေပြီး  ကျေးရွာရှိ  နေအိမ်များ ကိုလည်း အကြောင်းမဲ့  မီးရှို့ဖျက်ဆီး လျက်ရှိကြောင်း စုံစမ်း သိရှိရပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ (၁၂၁) နှင့် စကခ (၂၁) လက်အောက်ခံ ခမရ (၄၃၈) စုစုပေါင်း အင်အား ၂၀၀ ၀န်းကျင်သည် နမ်ဆန်ယန် ကျေးရွာသို့ ၀င်ရောက်ပြီး ရွာသားများကို ဖမ်းဆီးနိုပ်စက် ခြိမ်းခြောက် မေးမြန်းကာ နေအိမ် ငါးလုံးကို မီးရှိုလိုက်ခြင်းဖြစ်သည်။ စစ်အစိုးရ စစ်တပ်မှ ဖမ်းဆီးခြင်း ခံရသည့် ကတ်သလစ် ဓမ္မဆရာ ဦးအောင်လီ နှင့် အခြားသူများသည်  အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာပြီး၊ ဓမ္မဆရာ ဦးအောင်လီမှာ ခမရ (၄၃၈) မှ ဒုတပ်ရင်းမှူး ဖြစ်သူ၏ နောက်ကျောမှ ကန်ကျောက်ခြင်း၊ နဖူးကို သေနတ်ဒင်နှင့် ပိတ်ရိုက်ခြင်း တို့ကို ခံထားရခြင်းကြောင့် မျက်နှာတွင် အမာရွတ်များ ထင်ကျန်နေကြောင်း တွေ့ရှိရပါတယ်။

စစ်အစိုးရစစ်တပ် ခလရ (၁၂၁) သည် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် နမ်ဆန်ယန် ကျေးရွာတွင်းရှိ ကျေးရွာသားများ၏ နေအိမ်များကို ချိုးဖျက် ၀င်ရောက်ကာ မိမိအလိုရှိသည့် ပစ္စည်းများကို ရွေးယူပြီး နေအိမ်များကို မီးရှို့လျက်ရှိကြောင်း သိရှိရပါတယ်။ စစ်အစိုးရစစ်တပ်မှ နေအိမ်အလုံး ၂၀ ကျော်ကို မီးရှို့ ပြီးဖြစ်ကြောင်း မျက်မြင်များမှ သိရှိရပါတယ်။  နေအိမ်များကိုသာ မီးရှို့ပစ်သည်မဟုတ်ဘဲ ကတ်သလစ်  ဘုရားကျောင်း၊ နှစ်ခြင်းဘုရားကျောင်းရှိ တံခါးများ၊ ပြူတင်းပေါက်များ ကိုလည်း ဖျက်ဆီး နေကြောင်း နမ်ဆန်ယန်မှ စစ်ပြေးများက ဆိုသည်။ ကျေးရွာသားများ၏ စပါး၊ ဆန်၊ ကျွဲနွား အိမ်မွေး တိရိစ္ဆာန်များကိုလဲ စိတ်ကြိုက် ယူဆောင်နေကြကြောင်း ထွက်ပြေး လာသည့်   ကျေးရွာသားများက ပြောပြသည်။

ယင်းကဲ့သို့ စစ်အစိုးရ စစ်တပ်များ၏ စိတ်ကြိုက် ဖျက်ဆီးခြင်း ခံရသည့် နမ်ဆန်ယန် ရွာသည် မြစ်ကြီးနား – ဗန်းမော်လမ်းတွင် ရှိပြီး ခရီးသည်များ ခရီးတစ်ထောက် နားသည့်   နေရာလည်း ဖြစ်ကာ  စစ်အစိုးရ ထိန်းချုပ်မှု အောက်တွင် ရှိသည့်ကျေးရွာဖြစ်သည်။

စစ်အစိုးရ ဆက်သွယ်ရေးရုံး၊ စရဖ ရုံး၊ ရှေ့တန်းစခန်းအခြေစိုက် စခန်းဖွင့်လှစ် ထားသည့် ကျေးရွာကြီးလည်း ဖြစ်ပါတယ်။ K.I.A ဌာနချုပ်လိုင်ဇာနှင့် ၁၅ မိုင်သာဝေးသည့် နေရာတွင် ရှိသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင်လည်း နမ်ဆန်ယန် ကျေးရွာတ၀ိုက်တွင် တိုက်ပွဲများ ဖြစ်လျက် ရှိကြောင်း သိရှိရပါတယ်။ မြစ်ကြီးနား – လိုင်ဇာလမ်း ရွေညောင်ပင် ကျေးရွာ နှင့် ဂါးရာယန်ကျေးရွာအကြား ရှုခင်းသာ နေရာတွင် K.I.A တပ်ဖွဲ့နှင့် စစ်အစိုးရ စစ်တပ်များ တိုက်ပွဲဖြစ်ပွားနေသည်မှာ အောက်တိုဘာလ ၁၇ ရက်နေ့ထိ ဆိုလျင် ငါးရက်ကြာခဲ့ပြီ ဖြစ်ပါတယ်။

စစ်အစိုးရ စစ်တပ်များသည် စစ်ရှုံးလာလျှင် အနီးအနားရှိ ကျေးရွာများကို ညှင်းပန်း နှိပ်စက်ကာ ရွာမီးရှို့ခြင်းများကို အမြဲပြုလုပ်နေကျဖြစ်ပါတယ်။

စစ်အစိုးရအနေနှင့် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီကို ဖော်ဆောင်နေသည်ဟု အကျယ်တ၀င့် ကြွေးကြော်နေသော်လည်း၊ လက်တွေ့မှာမူ လူ့အခွင့်အရေးများကို ချိုးဖောက်မူများ၊ လူသားမဆန်စွာ ပြုမှုမူများကို ယခင့် ယခင် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပြုလုပ်နေကျအတိုင်း တွင်တွင်ကျယ်ကျယ် ပြုလုပ် နေဆဲဖြစ်ပါတယ်။




0 comments: