Friday, October 14, 2011

ကချင်ပြည်နယ် ရွှေညောင်ပင် တိုက်ပွဲ

Friday, October 14, 2011

အောက်တိုဘာလ ၁၄ ရက် ၂၀၁၁ ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A တပ်ရင်းတို့မှ ကချင်ပြည်နယ် လိုင်ဇာ သွားရာလမ်းရှိ ရွှေညောင်ပင်နှင့် ခဇူးကျေးရွာသို့ စစ်အစိုးရ စစ်တပ်မှ စစ်အင်အား (၂၀၀) ကျော် စစ်ကြောင်း ချီတက်လာရာ K.I.A တပ်ရင်းတို့မှ တားဆီး တိုက်ခိုက် နေကြောင်း မျက်မြင်များမှ စုံစမ်း သိရှိ ရပါတယ်။ တိုက်ပွဲ အခြေအနေများကို ဆက်လက် စုံစမ်း နေပါတယ်။

တဆက်တည်းမှာဘဲ ဗန်းမော် - လွယ်ဂျယ် လမ်း ကိုင်ထိတ် ကျေးရွာမှ K.I.A တပ်တို့နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲဖြစ်ပွား ရာ စစ်အစိုးရ စစ်တပ်ဘက်မှ (၁၄) ဦး ကျဆုံးသွားပြီဖြစ်ကြောင်း စုံစမ်း သိရှိ ရပါတယ်။ တိုက်ပွဲဟာ ဆက်လက်ဖြစ်ပွားနေလို့ အခြေအနေအရပ်ရပ်တို့ကို ဆက်လက် စုံစမ်း၍ ဖော်ပြသွားပါမယ်…။

0 comments: