Saturday, October 22, 2011

စစ်အစိုးရ စစ်တပ်ဘက်မှ အကျအဆုံးများပြားနေ

Saturday, October 22, 2011


ကချင်ပြည်နယ် K.I.A အစိုးရနှင့် စစ်အစိုးရ စစ်တပ်တို့အကြား စက်တင်ဘာ (၁၃) ရက်မှ အောက်တိုဘာလ (၂၁) ရက်နေ့ ထိဖြစ်ပွားခဲ့သော စစ်ပွဲများတွင် K.I.A ဗဟိုဌာန၏ စာရင်းအရ စစ်အစိုးရ စစ်သား (၇၀၀) ကျော်ကျဆုံး သွားပြီဖြစ်ကြောင်း နှင့် စာရင်းမ၀င် ကျဆုံးသူများနှင့် ဆိုလျှင် (၁၀၀၀) ကျော် ကျဆုံးပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ ဤသို့ စစ်အစိုးရ စစ်တပ်မှ စစ်သားများ အများအပြားကျဆုံး ရခြင်းမှာ စစ်အစိုးရ စစ်တပ်ဘက်မှ စစ်သားများ စစ်တိုက်ချင်စိတ် ကုန်ဆုံးသွားမှုနှင့် အသက်မပြည့်သေးသော ကလေးစစ်သား များပြားမှုတွေကြောင့်ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော် ကားလမ်းမကြီး တွင်ရှိတဲ့ နမ်ဆန်ယာန် ကျေးရွာမှာ အခြေစိုက် နေရာယူထားတဲ့ စစ်အစိုးရ စစ်တပ်တို့ဟာ အကျအဆုံးများပြားမှုကြောင့် တပ်နောက်ဆုတ် သွားပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ ဒီလို တပ်နောက်ဆုတ် သွားရခြင်းမှာ နောက်တန်းမှ စစ်ကူများနှင့် တင့်ကား၊ အမြောက်တပ်များ ကို သွားကြိုခြင်းသာဖြစ်တယ်လို့  K.I.A ဘက်မှ သုံးသပ် ပြောဆိုလာပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့ နေ့လည် ၁၂ ဝန်းကျင်တွင် K.I.A လုံခြုံရေး တပ်ဖွဲ့နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ဆမားသွားတဲ့လမ်း မှာရှိတဲ့ ဂျာထ ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့ ကချင်ပြည်နယ် ဗန်းမော် အင်မောက်အထက်ဘက် ခဝမ်ဘန်ဘက်သို့ စစ်အစိုးရ စစ်တပ်အင်အား (၆၀၀) ကျော် ရောက်ရှိနေပြီဖြစ်ကြောင်း မျက်မြင်ရွာသားများမှ စုံစမ်းသိရှိရပါတယ်။ ဗန်းမော် မြစ်ကြီးနား လမ်းမကြီး အင်မောက် ခါနန်မှာလည်း စစ်အစိုးရ စစ်တပ်အင်အား တစ်ခုရောက်ရှိနေပြီဖြစ်ပြီး၊ ညနေ ၇း၃၀ နာရီ ဝန်းကျင်တွင် စစ်အစိုးရ စစ်တပ် အမြောက်ကြီးတွေ တင်ဆောင်ထားတဲ့ ကားအစီး (၁၀) ကျော်နှင့် ခြေလျင်တပ် တစ်တပ်လည်း အင်မောက်ကျေးရွာမှ အထက်ဘက်သို့ စစ်အင်အား ဖြည့်တင်း ချီတက်သွားပြီ ဖြစ်ကြောင်း မျက်မြင် ရွာသားများမှ သိရှိရပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့ မနက်ပိုင်းမှာ တရုတ်ပြည်နယ်စပ်ဖြစ်တဲ့ ရွှေလီကနေပြီး တရုတ်စစ်ကားကြီး အစီး (၃၀) ကျော်ဟာ လွယ်ဂျယ် တရုတ်နယ်စပ်ဖြစ်တဲ့ ဂျန်ခေါင်ဘက်သို့ ချီတက်သွားကြောင်း၊ ယင်းစစ်ယာဉ်တန်း ပထမ ၂ .. ၃ စီး မှာသာ တရုတ်စစ်သားများ တင်ဆောင်ပြီး နောက်ကားများတွင် စစ်အစိုးရ စစ်တပ် စစ်သားများ အပြည့်ဖြင့် ချီတက်သွားကြောင်း၊ ယင်း စစ်အစိုးရ စစ်တပ်တို့က ဂျန်မိုင်စခန်းနှင့် မောရွှေ စခန်းများကို ပြန်လည် သိမ်းပိုက်ရန် ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူများမှ သုံးသပ်ပါတယ်။ ဒီလို တရုတ်အစိုးရမှ တိုင်းရင်းသားများကိုတော့ မကူညီဘဲ စစ်အစိုးရ စစ်တပ်ကို အကူအညီပေးနေခြင်းဟာ မဖြစ်သင့်ကြောင်း၊ တိုင်းရင်းသားများကို မကူညီချင်နေပါစေ စစ်အစိုးရ စစ်တပ်ကို ကူညီနေခြင်းများကို ရပ်တန့် ဖို့လိုအပ်ပါတယ်။






0 comments: