Saturday, October 22, 2011

K.I.A နှင့် တိုက်ပွဲများတွင် စစ်အစိုးရ စစ်တပ်မှ လေယာဉ် အသုံးပြုလာ

Saturday, October 22, 2011

ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A နယ်မြေဖြစ်တဲ့ ရှဒန်ပါနှင့် မဒီယာန် ဘက်များတွင် အောက်တိုဘာလ ၂၁ ရက်နေ့ ကတည်းက စစ်အစိုးရ စစ်တပ်ရဲ့ လေယာဉ် (Helicopters) များ ရောက်ရှိနေပြီ ဖြစ်ကြောင်း ၊ ဒီနေ့မှာလည်း ဗန်းမော်ဘက်တွင် စစ်အစိုးရ စစ်တပ်ရဲ့ လေယာဉ်များ မိုးပေါ်တွင် ပျံသန်း၊ လုံခြုံရေး ယူနေကြောင်း မျက်မြင်များထံမှ စုံစမ်းသိရှိရပါတယ်။

မနေ့က တရုတ် အစိုးရမှ စစ်အစိုးရ စစ်တပ်များကို တရုတ်ပြည်နယ်စပ်ဘက်သို့ ကားအစီး (၃၀) ကျော်ဖြင့် ခေါ်သွင်းသွားခဲ့ကြောင်းကို K.I.A ဌာနချုပ်မှ အတည်ပြု ပြောကြား လာပါတယ်။

စစ်အစိုးရ စစ်တပ်မှ ဒီအတော အတွင်း K.I.A ဌာနချုပ် လိုင်ဇာကို သိမ်းပိုက်ရန် စီစဉ်နေ သဖြင့် ကချင် တမျိုးသားလုံး ဆုတောင်း ကူကြဖို့ရန် အနိုးအညွတ် တောင်းဆို အပ်ပါတယ်။

အောက်တိုဘာ (၂၁) ရက်နေ့တွင် K.I.A မျိုးချစ်တပ်ဖွဲ့များနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ဂါးရာယန် ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။ ဒီနေ့တွင် ဂါးရာယန်ကျေးရွာကို K.I.A မှ ၀င်ရောက်နေရာ ယူထားပြီးဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။


0 comments: