Wednesday, October 12, 2011

မန်ဂျယ်တိုက်ပွဲ

Wednesday, October 12, 2011

ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A တပ်ရင်း (၂၇) နှင့် စစ်အစိုးရ စစ်တပ် ခလရ (၄၇) တို့ အကြား အောက်တိုဘာလ ၁၁ ရက်နေ့ မန်ဂျယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်း တိုက်ပွဲတွင် စစ်တပ်ဘက်မှ (၄) ဦး ကျဆုံးသွားကြောင်း၊ စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲအခြအနေများကို ဆက်လက် စုံစမ်းနေပါတယ်။

စစ်အစိုးရ စစ်တပ် အချင်းချင်း ပစ်

အောက်တိုဘာလ ၉ ရက် ၂၀၁၁ K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၃၈) နယ်မြေဖြစ်တဲ့ မန်ဂျတ်နှင့် ဘန်လုန်တောင် အနီးတဝိုက်မှာ K.I.A တပ်ရင်း (၃၈) နှင့် စစ်အစိုးရ စစ်တပ် MOC-16 လက်အောက်ခံ ဆင်လီမုတ်လွမ်အခြေစိုက် LIB-240, ကွတ်ခိုင်အခြေစိုက် LIB-241, MOC-1 လက်အောက်ခံ ကျောက်မဲ အခြေစိုက် LIR -502 တို့ အကြား အောက်တိုဘာလ ၉ ရက် နေ့လည် ၁၂း၃၀ နာရီ ကနေ ၁း၃၀ ကျော်အထိ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။

ယင်းတိုက်ပွဲဖြစ်ပွားရာ စစ်အစိုးရ စစ်တပ်တို့ကို နောက်တန်းကနေ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့ရာ ယင်းနောက်တန်း ပစ်ကူ လက်နက်ကြီးများမှာ K.I.A ဘက်သို့ မရောက်ဘဲ စစ်တပ်ရဲ့ ရှေ့တန်း နယ်မြေ များတွင်သာ ကျရောက်ခဲ့ရာ စစ်အစိုးရ ရှေ့တန်း စစ်သည်များမှာ ထိခိုက်မှု များပြား ခဲ့ကြောင်း၊ ရှေ့တန်းမှ နောက်တန်းသို့ ပြန်တိုက်ခိုက် ခဲ့ကြောင်း၊ အချင်းချင်း တိုက်ခိုက်ခြင်းဖြစ်ရာ အထိ အခိုက်များ ပိုမို များပြား ခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။

စစ်အစိုးရ စစ်တပ်တို့မှ မန်ဂျတ်၊ မန်ကန်၊ မုန်ဂို၊ ဘန်လော၊ ဘန်လွမ်၊ လွယ်ကန်၊ ဆဝန်၊ ဧဒင်၊ ပန်ဟွတ်၊ ပန်ဆတ် စသည့် ကျေးရွာများမှ ရွာသား (၆၀) ကျော်ကိုလည်း ဖမ်းဆီးပြီး ရှေ့တန်းတွင် လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်းကျေးရွာများမှ အိမ်မွေးတရိစ္ဆာန်များ၊ ဈေးဆိုင်မှ ပစ္စည်းများ ကိုလည်း လုယူသုံးစွဲနေကြကြောင်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ ရှမ်းပြည်အခြေစိုက် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၁၇) နှင့် စစ်အစိုးရ စစ်တပ်အင်အား (၂၀၀) ကျော်ဟာ အောက်တိုဘာလ ၉ ရက် နေ့လည်ဝန်းကျင်ကစတင် တိုက်ပွဲဖြစ်ပွားခဲ့ရာ အောက်တိုဘာလာ ၁၀ ရက် မနက် ၈ နာရီကျော်ထိ မုန်ဂျီကျေးရွာ အနီး မန်ဒိတ်နှင့် မန်ပြီကျေးရွာ အကြားက ဂျမာတောင်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

ယင်းတိုက်ပွဲတွင် စစ်အစိုးရ စစ်တပ်ဘက်မှ K.I.A ဝတ်စုံကိုဝတ်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိ ရပါတယ်။  ယင်းတိုက်ပွဲဖြစ်ပွားနေစဉ်မှာဘဲ K.I.A ဘက်မှ နောက်ဆုတ်သွားခဲ့ပြီးနောက်မှာ K.I.A ဝတ်စုံကို ဝတ်ပြီး ရှေ့တန်းမှ တိုက်ခိုက်နေသော စစ်အစိုးရ စစ်သားများနှင့် စစ်တပ်တို့ အချင်းချင်း ပြန်လည် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှု များပြားခဲ့ပြီး ယင်းစစ်သည်များကို ရွာသားများကို အတင်းခေါ်ပြီး သယ်ယူ ပို့ဆောင်သွားကြောင်း စုံစမ်း သိရှိရပါတယ်။

စစ်အစိုးရ စစ်တပ်ရဲ့ ၁၀၅ မမ လက်နက်ကြီး ထိမှန်ပြီး ပလောင်တိုင်းရင်းသူ တစ်ဦး သေဆုံး သွားခဲ့ကြောင်း၊ ပလောင်တိုင်းရင်းသား တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး ယခုချိန်တွင် ဆေးကုသ ခံယူနေကြောင်း သိရှိရပါတယ်။

0 comments: