Thursday, October 13, 2011

ဂျန်မိုင်ကောင် (ကုန်း) တိုက်ပွဲ

Thursday, October 13, 2011

ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား အောက်တိုဘာလ ၁၂ ရက်နေ့ မိုင်ဂျာယာန် အနီးရှိ ဂျန်မိုက်ကောင် (ကုန်း) မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွင် K.I.A ဘက်မှ (၂) ဦး ကျဆုံး သွားပြီး (၈) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်း သိရှိ ရပါတယ်။ စစ်အစိုးရ ဘက်မှာလည်း (၁၀) ကျဆုံးခဲ့ပြီး အများအပြား ထိခိုက်ခဲ့ကြောင်း K.I.A ရှေ့တန်း သတင်းများအရ သိရှိ ရပါတယ်။ ယခု ချိန်မှာတော့ စစ်အစိုးရ အခြေစိုက်တဲ့ ဂျန်မိုင်ကောင် (ကုန်း) စခန်းကို K.I.A တို့မှ သိမ်းပိုက် လိုက်နိုင်ပြီ ဖြစ်ကြောင်း ဆက်လက် စုံစမ်း သိရှိရပါတယ်။ ယခုတိုက်ပွဲတွေဟာ K.I.A တို့မှ ပြန်လည် စခန်းသိမ်း တိုက်စစ် ဆင်နေခြင်းဖြစ်ပါတယ်။

တဆက်တည်းမှာဘဲ K.I.A တပ်ရင်း (၂၃) နယ်မြေဖြစ်တဲ့ နမ်ဆန်ခ (ချောင်း) ကျိန်းနမ့်ဇွပ်မှာ K.I.A တပ်ရင်းတွေနှင့် ပြည်သူ့စစ် (MHH) တို့ ပူးပေါင်းပြီး စစ်အစိုးရ စစ်တပ်ကို အောက်တိုဘာလ ၁၁ ရက်နေ့ မနက်ပိုင်းမှ ညနေပိုင်း အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲ အခြေ အနေများကို ဆက်လက်စုံစမ်းဆဲပါ…။

0 comments: