Thursday, October 13, 2011

K.I.A ဌာနချုပ် လိုင်ဇာသို့ စစ်အစိုးရ စစ်အင်အားတိုးချဲ့

Thursday, October 13, 2011

ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A ဌာနချုပ်လိုင်ဇာသို့ စစ်အစိုးရ စစ်တပ်တို့မှ စစ်အင်အား တိုးချဲ့ စစ်ကြောင်းများချီတက်လာနေကြောင်း စုံစမ်းသိရှိရပါတယ်။ K.I.A ဘက်မှလည်း ဌာနချုပ် အနီးရှိ နမ်ဆန်ယာန် ကျေးရွာ အနီးတဝိုက်များတွင် စစ်အင်အားများ အထူးစီမံ တိုးချနေပြီ ဖြစ်ကြောင်း K.I.A သတင်းများအရ သိရှိရပါတယ်။ ယခုချိန်မှာ နှစ်ဖက်စလုံးမှ စစ်အင်အားများ တိုးချဲ့နေပြီဖြစ်ရာ များမကြာမီ အတွင်းမှာ တိုက်ပွဲများ ဆက်တိုက် ပြင်းပြင်း ထန်ထန် ဖြစ်ပွား လာနိုင်ကြောင်း ဒေသခံများမှ ပြောကြား လာပါတယ်။

တဆက်တည်းမှာဘဲ ရှမ်းပြည်နယ် အခြေစိုက် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်သားများမှ အောက်တိုဘာလ ၁၂ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်တွင် ရှမ်းပြည်နယ် အရှေ့တောင် နမ်ခမ်းဇုံနယ် ပန်ဆဲကျေးရွာရှိ ပန်ဆဲပြည်သူ့စစ် စခန်းကို ဝင်ရောက်စီးနှင်း တိုက်ခိုက်ခဲ့ကြောင်း ၊ ယင်း တိုက်ခိုက်မှုတွင် ပန်ဆဲ ပြည်သူ့စစ် (၅) ဦး ထိခိုက်ခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။

0 comments: