Monday, October 10, 2011

ကျေးရွာထဲသို့စစ်အစိုးရ စစ်တပ်မှ အကြောင်းမဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်

Monday, October 10, 2011
 
 နမ်လင်းပါ ကျေးရွာ

စစ်အစိုးရ စစ်တပ်မှ မန်စီမြို့နယ်၊ နမ်လင်းပါ ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် အောက်တိုဘာလ ၈ ရက်နေ့တွင် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်းသိရသည်။ ယင်းနေ့ ထိုနေရာ ပတ်ဝန်းကျင်တွင်  K.I.A ၏ စစ်ရေးလှုပ်ရှားမှု တစုံတရာ မရှိခဲ့ကြောင်း သိရှိရပါတယ်။  အရပ်သားများသာ နေထိုင်သည့် ကျေးရွာထဲသို့ စစ်အာဏာရှင် အစိုးရ စစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ စစ်အစိုးရစစ်တပ်များမှာ  စကခ (၂၁) လက်အောက်ခံ ခလရ (၂၇၆)၊ ခလရ (၄၇)  နှင့် ခမရ (၆၀၁) တို့ဖြစ်ပြီး စုစုပေါင်းအင်အား ၂၀၀ ကျော်ရှိကြောင်း စုံစမ်းသိရှိရပါတယ်။ ဤကဲ့သို့ ပစ်ခတ်ခဲ့မှုကြောင့် မပလိုင်ထုလွမ်နှင့် သမီးဖြစ်သူ အသက် ၂ နှစ် အရွယ် မိုင်းရာတို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး သုံးတန်းကျောင်းသား မောင်ပလိုင် နန်အောင် သေဆုံးခဲ့ ကြောင်း စုံစမ်း သိရှိရပါတယ်။

ဤကဲ့သို့ အရပ်သားများသာရှိသည့် ကျေးရွာထဲသို့ စစ်အာဏာရှင် အစိုးရစစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကို စစ်တပ်အနေနှင့် စစ်ကြောင်းမထိုးမှီ ပစ်ကွင်းရှင်းသည်၊ ပစ်ရှင်းရှင်းသည် ဟု ခေါ်ဆိုလေ့ရှိ ပါတယ်။

အောက်တိုဘာလ ၉ ရက် ၂၀၁၁ နေ့ နေ့လည် ၁၂း၀၀ နာရိ ဝန်းကျင်တွင် K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၂) တို့နှင့် စစ်အစိုးရစစ်တပ်တို့အကြား နမ်လင်းပါ ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ စစ်အစိုးရတို့မှ နမ်လင်းပါ ကျေးရွာမှ အိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း၊ ယင်းတိုက်ပွဲဖြစ်ပွားနေချိန် မထွက်ပြေးနိုင် ခဲ့သော RCM ဘော်ဒါမှ ဆရာမနှင့် ကျောင်းသူကျောင်းသားများကို စစ်အစိုးရစစ်တပ်မှ ဖမ်းဆီးပြီး တိုက်ပွဲ အတွက် ရှေ့မှ ကျည်ကာ အဖြစ် အသုံးပြုရန် ခေါ်ဆောင်သွားနေကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်းလုပ်ရပ်များကို လူသား ဒိုင်း လို့ခေါ်ပါတယ်။ နမ်လင်းပါကျေးရွာမှာ အိမ်ချေ ၄၀၀ ကျော် ရှိကြောင်း သိရပါတယ်။ ယခုချိန်တွင် တရွာလုံးနီးပါး စစ်အစိုးရရဲ့ မီးရှို့ဖျက်ဆီးခြင်းကို ခံနေရကြောင်း ရွာသားများမှ စုံစမ်းသိရှိရပါတယ်။ ဒါဟာ လူမဆန်တဲ့ လုပ်ရပ်ဘဲဖြစ်တယ်ဆိုတာကို သမ္မတ ဦးသိန်းစိန်ကို သိစေ ချင်ပါတယ်။

0 comments: