Friday, October 14, 2011

ကချင်ပြည်နယ် တိုက်ပွဲ

Friday, October 14, 2011

ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား အောက်တိုဘာလ ၁၃ ရက်နေ့ မနက် ၁၁း ၀၀ နာရီကစတင်ကာ ညနေ ၃း၀၀ နာရီ ကျော်အထိ ကချင် ပြည်နယ် ဂါရာယာန် ကျေးရွာနှင့် မြစ်ကြီးနားမြို့အနီရှိ ရှဒေါင် ကျေးရွာများမှာ တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း စုံစမ်း သိရှိ ရ ပါတယ်။ ယခုလို တိုက်ပွဲဖြစပ်ပွား လာမှုကြောင့် လမ်းသွားလမ်းလာ အားလုံးကို ပိတ်ထားကြောင်း၊ စစ်အစိုးရ စစ်တပ်တို့မှ မြစ်ကြီးနား အနီးတဝိုက်များတွင် ပြည်သူ ပြည်သားများကို ပေါ်တာ ဆွဲခေါ် နေကြောင်း စုံစမ်း သိရှိ ရပါတယ်။ မြစ်ကြီးနားမြို့ မှာလည်း အိမ်တိုင်း ပေါ်တာ တစ်အိမ် တစ်ယောက် နှုန်းဖြင့် လိုက်လံ ဖမ်းဆီး ခေါ်ဆောင် နေကြောင်း၊ ဒီ လုပ်ရပ် တွေကြောင့် ပြည်သူများမှာ ကြောက်လန့် စိုးရိမ် နေကြကြောင်း သိရှိ ရပါတယ်။

တဆက်တည်းမှာဘဲ ကချင်ပြည်နယ် နမ်ဆန်ယာန် အနီးတဝိုက်မှာ အောက်တိုဘာလ ၁၃ ရက်နေ့ K.I.A တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲဖြစ်ပွား ခဲ့သေးကြောင်း စုံစမ်း သိရှိရပါတယ်။

 ပြန်လွတ်လာတဲ့ ဇာဂနာ ဘာတွေပြောသွားပြီလဲ (အသံ) click



0 comments: