Tuesday, October 11, 2011

စစ်အစိုးရ စစ်တပ် (၄၀) ကျော်ထိခိုက်

Tuesday, October 11, 2011

အောက်တိုဘာလ ၉ ရက် မနေ့က ကချင်ပြည်နယ် နမ်လင်းပါမှာ ဖြစ်ပွားခဲ့တဲ့ K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲမှာ စစ်အစိုးရ စစ်တပ်ဘက်မှ (၄၀) ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်း ထိခိုက်ခဲ့သော စစ်သားများရဲ့ ဇနီများမှာ ကုသနေသော ဆေးရုံတွင် လာရောက်ဝမ်းနည်း ငိုကြွေး နေကြကြောင်း စုံစမ်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ စစ်အစိုးရ စစ်တပ်တို့မှ လွန်ခဲ့သော အောက်တိုဘာလ ၇ ရက် နေ့တွင် ကချင်ပြည်နယ် ဘန်ခရောင်ကျေးရွာမှာ တောင်ယာလုပ်ကိုင်စားသောက်နေတဲ့ ဦး မရန်တူး ကို သူ့ရဲ့ တောင်ယာမှာဘဲ စစ်အစိုးရ စစ်တပ်တို့မှ အပြစ်မဲ့ ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

စစ်တပ်မှ ကျောင်းဆောင်ကို မီးရှို့ဖျက်ဆီး

 Kachin IDPs students

အောက်တိုဘာလ ၉ ရက် နေ့ ကချင်ပြည်နယ် နမ်ဆန်ယာန် အနီးရှိ ရှဒန်ပါ နမ်ငေါင်ကျေးရွာမှ ဆောက်လုပ်ဆဲ စာသင်ကျောင်း တစ်ကျောင်းကို စစ်အစိုးရ စစ်တပ်မှ အပြစ်မဲ့ မီးရှို့ ဖျက်ဆီး လိုက်ပြီ ဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။

စစ်အစိုးရ စစ်တပ် MOC-3 လက်အောက်ခံမှ စစ်သည် (၈၀) ကျော်တို့ဟာ ရှဒန်ပါ နမ်ငေါင်ကျေးရွာတွင် ဝင်ရောက်လာပြီး ယင်းကျေးရွာမှ ကလေးသူငယ်များ ပညာသင်ဖို့ ဆောက်လုပ်ဆဲ ကျောင်းဆောင်ကို မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ပါတယ်။

တဆက်တည်းမှာဘဲ ယင်းကျေးရွာမှာ အလုပ်လုပ်ကိုင်စားသောက်နေတဲ့ တရုတ်လူမျိုး ၆ ဦးကိုလည် ဖမ်းဆီးပြီး စုံစမ်းမေးမြန်း ညှင်းပမ်းနှိပ်စက်ခဲ့ကြောင်း၊ ယင်းနမ်ငေါင် ရွာသားများရဲ့ ဆန်း တင်း (၇၀) ၊ စပါး တင်း (၉၀)၊ အိမ်မွေးဝက် (၈) ကောင်၊ မြန်မာငွေ ကျပ် (၄) သိန်း၊ တရုတ်ငွေ ယွန် (၂) သောင်းကျော်၊ တရုတ်ဖုန်း (၅) လုံး တို့ကို စစ်အစိုးရ စစ်တပ်တို့မှ သိမ်းဆီး သုံးစွဲနေကြောင်း ရွာနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရပါတယ်။

0 comments: