Sunday, October 09, 2011

ဟိုပင်မြို့မှာ ဗုံး ပေါက်ကွဲ

Sunday, October 9, 2011

 ကချင်ပြည်နယ် ဟိုပင်မြို့မှာ အောက်တိုဘာလ ၈ ရက် ၂၀၁၁ နေ့ ညနေ ၇း ၀၀ နာရီ ကျော်တွင် ပေါက်အားပြင်းတဲ့ ဗုံး ပေါက်ကွဲခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။ ဗုံးပေါက်ကွဲသည့်နေရာမှာ ဟိုပင်မြို့ ဈေးအနီး မီးရထားလမ်းမှာ ဖြစ်ကြောင်း မျက်မြင်များမှ သိရှိရပါတယ်။ ဗုံး ကြောင့် ရထား သံလမ်းမှာ (၁၀) ပေ ကျော် ကျိုးပျက်သွားကြောင်း စုံစမ်း သိရှိရပါတယ်။ လွန်ခဲ့တဲ့ လ မှာလည်း ဟိုပင် မြို့ပြင် မြစ်ကြီးနား တက်သွားတဲ့ ရထားလမ်းမှာ ဗုံးပေါက်ကွဲခဲ့ ပါတယ်။
 
Kachin Independence Army
 
တဆက်တည်းမှာဘဲ မိုးကောင်းမြို့မှာလည်း အောက်တိုဘာလ (၄) ရက်နေ့မှာ ဗုံး နှစ်ကြိမ် ပေါက်ကွဲ ခဲ့ပါတယ်။ ဗုံးပေါက်ကွဲခဲ့သော နေရာမှာ တရားရုံး ရှေ့မှာ ဖြစ်ပြီး နောက်ထပ် တစ်လုံးမှာ ကညန ရုံးရှေ့မှာ ပေါက်ကွဲခဲ့ပါတယ်။ ကညန ရုံးရှေ့မှာ ပေါက်ကွဲခဲ့ရာ လူတစ်ဦး သေဆုံးသွားကြောင်း၊ ယင်း သေဆုံးသူကိုလည်း အစိုးရတို့မှ ပြည်သူများကို မကြည့်ခိုင်းဘဲ အလျင်အမြန် မြေမြှုပ်လိုက်ကြောင်း သိရှိ ရပါတယ်။

တဆက်တည်းမှာဘဲ အောက်တိုဘာလ ၈ ရက်နေ့မှာ ကချင်ပြည်နယ် ဂန်ဒေါင်ယာန်နှင့် အင်ပေါင် အကြားမှာ K.I.A တို့ထောင်ထားသော မိုင်း (၂) လုံးကို စစ်အစိုးရ စစ်တပ်တို့မှ နင်းမိကြောင်း သိရှိရပါတယ်။ အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းဆဲပါ။

ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A တပ်ရင်း (၂၅) နှင့် ကချင်ပြည်သူ့စစ် (MHH) တို့ ပူးပေါင်းပြီး စစ်အစိုးရ စစ်တပ်တို့အကြား ဒေါ့ဖုန်းယာန် ကျေးရွာတွေ အောက်တိုဘာလ ၇ ရက်နေ့က စတင်ပြီး ယခုချိန် အထိ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲရဲ့ အခြေအနေ ကို ဆက်လက် စုံစမ်းနေပါတယ်။

0 comments: