Friday, November 11, 2011

တရုတ်-ကချင်ပြည်နယ် နယ်စပ်အခြေအနေ

Friday, November 11, 2011
တရုတ်နယ်စပ်တနေရာ

စစ်အစိုးရ စစ်တပ်နှင့် K.I.A တပ်တို့အကြား တိုက်ပွဲများ နေရာအနံ့မှာ ဖြစ်ပွားလျက် ရှိနေပါတယ်။ တိုက်ပွဲများကြောင့် အိုးအိမ်များကို စွန့်ခွာကာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ ပြည်သူလူထုများမှာ ဆင်းရဲ ဒုက္ခမျိုးစုံနှင့် ကြုံတွေ့ ခံစားနေရပါတယ်။ တရုတ်ပြည်သို့ ခိုလုံဖို့ရန် ထွက်ပြေးကြတဲ့ ကချင် စစ်ပြေး ဒုက္ခသည်များကို အာဏာပိုင် တရုတ်ရဲများမှ ဖမ်းဆီးနေကြောင်း၊ ဖမ်းဆီးခံရတဲ့ ဒုက္ခ သည်များမှာ ပိုက်ဆံဖြင့် ပြန်လည် ရွေးယူနေကြရကြောင်း စုံစမ်းသိရှိရပါတယ်။ ဒီလိုဖြစ်ပျက်နေတဲ့ အချိန်မှာ တရုတ်ပြည်နယ်စပ် လိုင်ဇာမြို့ အရှေ့ဘက် တရုတ်ဘက်ခြမ်း အင်ခွမ်ယာန် (Nhkum Yang) ကျေးရွာမှာ တရုတ် အစိုးရ စစ်ကားကြီး (၂) စီးဟာ နိုဝင်ဘာလ (၈) ရက်နေ့မှာ စစ်သားမပါဘဲ စစ်လက်နက်ပစ္စည်း အပြည့်တင်ကာ ရောက်ရှိနေကြောင်း ယင်းကျေးရွာ မျက်မြင်များထံမှ စုံစမ်း သိရှိ ရပါတယ်။ ဘာရည်ရွယ် ချက်ဖြင့် ရောက်ရှိနေသည် ဆိုတာကိုတော့ ရှင်းရှင်း လင်းလင်း မသိရပါ။ တရုတ်-ကချင်ပြည်နယ် နယ်စပ် လုံခြုံရေး အတွက် ဖြစ်နိုင်သလို၊ စစ်ရေး လေ့လာသူများက စစ်အစိုးရ စစ်တပ်ကို သွယ်ဝိုက်သော နည်းဖြင့် အကူ အညီ ပေးဖို့ ရန်လည်း ဖြစ်နိုင်ကြောင်း၊ အမျိုးမျိုး သုံးသပ် နေကြပါတယ်။ ဒီလိုဖြစ် လာမှုကြောင့် ပြည်သူ လူထုများမှာ ပိုမို စိုးရိမ်မကင်းမှုများနှင့် ကြုံတွေ့ ခံစားနေ ရပါတယ်။

W.P Moses
.

0 comments: