Saturday, November 12, 2011

စစ်အစိုးရ စစ်တပ်မှ အလွန်အန္တရယ်များတဲ့ ဓါတုလက်နက် အသုံးပြုနေ

Saturday, November 12, 2011
 
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ထိုင်ပြီး ဘာတွေပြန် အကြံထုတ်နေပြီလဲ...?

စစ်အစိုးရ စစ်တပ်ဟာ လွန်ခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက် ကချင်ပြည်နယ် ရွှေညောင်ပင် တိုက်ပွဲနှင့် အင်တပ်ဘွမ် တိုက်ပွဲ ရှေ့တန်းနယ်မြေများတွင် နိုင်ငံတကာမှ တားမြစ်ထားတဲ့ အဆိပ်ဓါတ်ငွေ့ ဓါတုလက်နက် (Chemical Weapons) ကို အသုံး ပြုခဲ့ပါတယ်။ နိုဝင်ဘာလ ၉ ရက် ကနေ ယနေ့ထိ ဆန်ဂန့်အထက်မှာ ရှိတဲ့ ဖကောင် တိုက်ပွဲမှာလည်း စစ်အစိုးရ စစ်တပ်မှ အဆိပ်ဓါတ်ငွေ့ ဓါတုလက်နက် (Chemical Weapons) များကို အသုံးပြုနေပါတယ်။ ယခု အသုံးပြုနေတဲ့ ဓါတုလက်နက် ဟာ အနံ့များ ထူးခြားတယ်လို့ ရှိုရှိုက်မိတဲ့ K.I.A စစ်သည်များမှ သိရှိ ရပါတယ်။ “အမြောက်ကျည်ဆံ ပေါက်ကွဲပြီးတာနှင့် အဲ့ဒီအငွေ့များဟာ တခြားနဲ့မတူဘူး.. တမူကိုထူးခြားတယ်.. ကျနော်တို့ အဲ့ဒီအငွေ့ကို ရှိုရှိုက်မိလိုက်တယ်..မကြာပါဘူး.. ခေါင်းတွေ မူးလာတယ်.. အော့အန် ချင်လာတယ်.. တကိုယ်လုံးလည်း ယားယောင်လာတယ်..လုံးဝကို မခံနိုင်ဘူး..” ဟု ပြောလာပါတယ်။

ဓါတုလက်နက် ဟာ အင်မတန်မှ အန္တရယ်များလွန်းပါတယ်..။ လူသာ မကပါဘူး..။ အဲ့ဒီဓါတ်ငွေ့များ အထိခံရတဲ့ အရာအားလုံးဟာ ပျက်ဆီးသွားနိုင်တဲ့ အဆိပ် ဓါတ်ငွေ့ ရှိပါတယ်။ ဒီဓါတုလက်နက် အသုံးပြုနေတာကို တားဆီးနိုင်ဖို့ဟာ ကျနော်တို့ ပြည်သူ ပြည်သားများသာ ဖြစ်ပါတယ်။ အားလုံး ဝိုင်းဝန်းပြီး ကာကွယ်တားဆီးကြပါစို့ လို့တိုက်တွန်း ချင်ပါတယ်။ ဓါတုလက်နက်ရဲ့ အန္တရာယ် ကြီးမား ပုံကို ဒီမှာ ပြန်လည် လေ့လာ ဖတ်ရှုနိုင်ပါတယ်။

 W.P Moses

0 comments: