Sunday, November 06, 2011

စစ်အစိုးရ စစ်ကား တိုက်ခိုက်ခံရ

Sunday, November 6, 2011

စစ်အစိုးရ စစ်တပ်ရဲ့ စစ်ကူကားကြီးများ

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ K.I.A နှင့် စစ်အစိုးရ စစ်ပွဲကို ကူညီဖို့ရန် ချီတက်လာတဲ့ စစ်အစိုးရ စစ်တပ် (NE – RMC) လက်အောက်ခံ တပ်များမှ စစ်ကားကြီး (၁၀) စီးမှ (၁) စီးဟာ နိုဝင်ဘာလ ၅ ရက်နေ့ နေ့လည် ၁၂း၀၀ နာရီ ဝန်းကျင်တွင် ရှမ်းပြည်နယ် အထက်ဘက်မှာ တိုက်ခိုက်ခံခဲ့ရကြောင်း ၊ ယင်း တိုက်ခိုက်မှုတွင် စစ်အစိုးရ စစ်သား (၁၄) ဦး ကျဆုံးသွားပြီး (၄) ဦး ထိခိုက်ခဲ့ရာ ယခုချိန်တွင် နမ့်ခမ်း ဆေးရုံးမှာ ဆေးကုသ ခံယူနေကြောင်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ နိုဝင်ဘာလ ၅ ရက်နေ့ မနက် ၉း၀၀ နာရီ ဝန်းကျင်တွင် မြစ်ကြီးနား-လိုင်ဇာ ကားလမ်းမကြီးရှိ ရွှေညောင်ပင်နှင့် ဂါးရာယာန် ကျေးရွာ အကြားမှာ စစ်အစိုးရ စစ်တပ်နှင့် K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်းများ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။
 
W.P Moses

0 comments: