Sunday, November 06, 2011

အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီး

 Sunday, November 6, 2011

နိုဝင်ဘာလ ၃ ရက်န့ အဖြစ်အပျက် 

တရုတ်ပြည်နယ်၊ လောန်ရှောင်း ခရိုင် ဂျန်ခေါင် မြို့နယ် မြန်မာ တရုတ်နယ်စပ် ဖြစ်တဲ့ လာယင်ကျေးရွာသို့ ဈေးဝယ်ထွက်ကြတဲ့ ကချင်ပြည်နယ် အရှေ့ဘက်မှာရှိတဲ့ ကချင်စစ်ပြေး ဒုက္ခသည်စခန်းမှ စစ်ပြေး ဒုက္ခသည် အမျိုးသားများကို တရုတ်ရဲများမှ ရဲဝတ်စုံ မဝတ်ဘဲ ဘာမှ စစ်ဆေးမေးမြန်းမှု မရှိဘဲ ဘိန်းရှိုတယ်မဟုတ်လား..ဆိုပြီး ကချင်အမျိုးသား (၃၀) ဦးကို ဖမ်းဆီး သွားကြောင်း စုံစမ်းသိရှိရပါတယ်။ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အယောက် (၃၀) မှ ဇိန်ထုန်းယော် (Zing Htung Yaw) အသက် (၂၄) နှစ် ကိုတော့ တရုတ် ယွန် ငွေ (၂၀၀၀) နှစ်ထောင်ဖြင့် ရွေးထုတ် ယူခဲ့ကြောင်း သိရှိရပါတယ်။ ယခု ချိန်ထိ ဖမ်းဆီးခံရတဲ့ သူထဲမှာ သူ တစ်ဦး တည်းသာ လျှင် လွတ်မြောက် လာသေးကြောင်း ဖမ်းဆီး ခံသွားရတဲ့ ဇိန်ထုန်းယော် မှ ပြောကြားလာပါတယ်။ ကျန်တဲ့ (၂၉) ဦး ဟာ လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရပါတယ်။ ကျန်ရှိနေတဲ့ ယင်းမိသားစုနှင့် ဆွေမျိုး အတိုင်းအဝိုင်းများမှာ စိုးရိမ်နေကြ ရပါတယ်။ တရုတ်ရဲများနှင့် စစ်အစိုးရ စစ်တပ်တို့ဟာ လွယ်ဂျေ တရုတ်နယ်စပ်မှာ အချင်းချင်း သုန့်ပန်း လှဲမယ်ဆိုတဲ့ သတင်းများလည်း ထွက်ပေါ် နေတာကြောင့် မိသားစုဝင်များမှာ ပိုမို စိုးရိမ်နေကြရပါတယ်။ ဒီဖြစ်ရပ်ဟာ ဘယ်သူ့စီမှာ တာဝန်ရှိသလဲ ဆိုတာကိုလည်း ပြည်သူများနှင့် မိသားစုဝင်များဟာ ကွဲကွဲပြားပြား မသိ၍ ဘယ်သူ့စီမှာ အကူအညီတောင်းရင် ကောင်းမလဲ ဆိုတာကို စဉ်းစား မရဖြစ်နေကြရပါတယ်။ 

W.P Moses

0 comments: