Wednesday, November 09, 2011

ဈေးဆိုင်များ မီးရှို့ဖျက်ဆီးနေခြင်း

Wednesday, November 9, 2011

ကဇူးကျေးရွာ..အဝင်တံတား

နိုဝင်ဘာလ ၈ ရက် မနေ့ညမှာ ကချင်ပြည်နယ် ဝါးရှောင်ကျေးရွာရှိ ပြည်သူလူထုရဲ့ ဈေးဆိုင် တချို့ကို ဆဒုံးဘက်သို့ စစ်ကြောင်း ဦးတည်နေတဲ့ စစ်အစိုးရ စစ်တပ်တို့မှ မီးရှို့ဖျက်ဆီးလိုက်ကြောင်း မြို့ခံများမှ စုံစမ်းသိရှိရပါတယ်။ တဆက်တည်းမှာဘဲ ဝူယန်ကျေးရွာမှာလည်း စစ်အစိုးရ စစ်တပ်နှင့် K.I.A တပ်ရင်းများ တိုက်ပွဲဖြစ် ပွားနေကြောင်း၊ ယင်းတိုက်ပွဲများတွင် လက်နက်ကြီးများ အသုံး ပြုနေကြောင်း မြစ်ကြီးနား မြို့ခံတစ်ဦးက အခုလို “ ဟုတ်တယ် တိုက်ပွဲတော့ ပြင်းတယ် ထင်တယ်.. ကျနော်တို့ မြစ်ကြီးနားမြို့ ကတာင် လက်နက်အသံတွေ ကြားနေရတယ် .. လက်နက်ကြီးဘဲ ထင်တယ်.. အကျယ်ကြီး ကြား ရတယ်..မနေ့ည ကပေါ့…” ဟု ပြောပြလာပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တနေရာ

လွန်ခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က စတင်ပြီး ၁၇ နှစ်တိုင် စစ်အစိုးရ စစ်တပ်နှင့် ငြိမ်းချမ်းရေး ယူခဲ့တဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွားလာခဲ့တာ ယခုဆိုရင် ၅ လ ထဲ ရောက်ရှိလာပြီ ဖြစ်ပါတယ်။  လစ်ဗျားနိုင်ငံကို ကြည့်ရင် လစ်ဗျား အာဏာရှင် ခေါင်းဆောင် မူမာကဒါဖီ ကို ဖြုတ်ချ ခဲ့တာ ၇ လ ကျော်ဘဲ တိုက်ပွဲ ဝင်ခဲ့ရပြီး အခုဆိုရင် ပြည်သူက ရွေးမြောက်မယ့် အစိုးရ အသစ် ပေါ်ထွက် လာတော့မှာ ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာ နိုင်ငံလည်း အားလုံး စည်းလုံး ညီညွတ်မှု ရှိရင်တော့ ပြည်သူများ မျော်လင့်နေခဲ့တဲ့ လွတ်လပ်ပြီး  တရား မျှတတဲ့ နိုင်ငံတော် ဖြစ်လာမှာ သေချာပါတယ်။

W.P Moses

0 comments: