Tuesday, January 03, 2012

သိန်းစိန်အစိုးရ စစ်တပ်အင်အား တိုးချဲ့နေစဲ... နေရာတိုင်းမှာ တိုက်ပွဲ ပြင်းထန်.. သမ္မတ ညွန်ကြား အမိန့် အရေး မထင်…

Tuesday, Janaury 3, 2012

 W.P Majoi

ဇန္နဝါရီလ ၃ ရက်နေ့တွင် သိန်းစိန် စစ်တပ် စစ်ကားကြီး ၂၅ စီးဖြင့် ရှမ်းပြည်နယ် မူဆယ် နမ့်ခမ်းဘက်သို့ ဦးတည်ကာ စစ်ကြောင်း ချီတက်လာပြီဖြစ်ကြောင်း မျက်မြင် ပြည်သူ များရဲ့ ပြောပြ ချက်အရ သိရှိ ရပါတယ်။

ကေအိုင်အေ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၆) နယ်မြေ လဂတ်ဘွမ်မှ ကေအိုင်အေ တပ်နှင့် စစ်အစိုးရ စစ်တပ် ခလရ (၇၇)၊ (၈၃)၊ ခမရ (၈၃) တို့ဟာ ဇန္နဝါရီလ (၂) ရက်နေ့တွင် တနေကုန် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ရှေ့တန်း ကေအိုင်အေ သတင်းများအရ သိရှိ ရပါတယ်။ ယင်းတိုက်ပွဲတွင် စစ်အစိုးရ စစ်တပ်တို့မှ လက်နက်ကြီး၊ အမြောက်ကြီးများဖြင့် ပိုမို အသုံးပြုကာ တိုက်ခိုက်ကြောင်း သိရှိရပါတယ်။

ဇန္နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူးနေ့တွင် ကချင်ပြည်နယ် ဝိုင်းမော် ဆမား ကားလမ်းဘက်တွင် ညနေ ၃း၃၀ နာရီဝန်းကျင်တွင် ကေအိုင်အေနှင့် စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။
ကေအိုင်အေ တပ်မဟာ (၅) နယ်မြေဖြစ်တဲ့ မန်မောင် (Man Mau) အနီးတဝိုက်တွင် နှစ်သစ်ကူးနေ့ တွင် ကေအိုင်အေ တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်းများနှင့် ဟိုပင် အခြေစိုက် စစ်အစိုးရ စစ်တပ် ခလရ (၄၀)၊ ခလရ (၃၈၈) တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။


သမ္မတ ဦးသိန်းစိန်ဟာ ကေအိုင်အေကို ထိုးစစ်ဆင်နေခြင်း၊ စစ်အင်အား၊ လူအင်အား တိုးချဲ့ နေရာ ယူနေခြင်း စသည်များကို ရပ်ပြီး နိုင်ငံရေး ဆွေးနွေးရန် ပြောနေ၊ ညွန်ကြားနေပေမယ့် ယင်းညွန်ကြားစာ၊ အမိန့်စာဟာ ဘာမှ အရာမထင် ဖြစ်နေသည်သာမက နေရာတိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေစဲ ဖြစ်သလို စစ်အင်အားလည်း ဆက်လက် တိုးချဲ့နေကြောင်းကို သိမြင်နေရပါတယ်။

ဒီလို လုပ်ဆောင်နေခြင်းဟာ နိုင်ငံရေး ဆွေးနွေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း စစ်ရေး လေ့လာ သူများက သုံးသပ် နေပါတယ်..။ သိန်းစိန်အစိုးရဟာ ပွင့်လင်းရာသီ ရောက်လာသည်နဲ့ အမျှ ကေအိုင်အေကို ပြန်လည် ပြင်းထန်စွာ ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း စစ်ဘက် နီးစပ်သူများရဲ့ သတင်းပေးပို့ချက်အရ သိရှိရပါတယ်။


0 comments: