Friday, January 06, 2012

စစ်အစိုးရ စစ်တပ် ပြည်သူလူထု နေထိုင်တဲ့ ရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်

Friday, January 6, 2012

 W.P Moses

ကချင်ပြည်နယ် မန်းမော် အင်မောက်နယ်အတွင်းရှိ ခဝမ်ဘန် ကျေးရွာဘက်သို့ စစ်အစိုးရ စစ်တပ်တို့မှ ဇန္နဝါရီလ ၃ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ရှမ်းအမျိုးသား လောင်ဆီ ရဲ့နေအိမ် ပျက်ဆီးသွားကြောင်း သိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်တို့မှ ယခုလို ပြည်သူတွေနေထိုင်တဲ့ ကျေးရွာများဘက်သို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေမှုတွေကြောင့် အပြစ်မဲ့ ပြည်သူလူထုများမှာ ဒုက္ခ ဆင်းရဲ အမျိုးမျိုးနှင့် ရင်ဆိုင်နေကြရပါတယ်။

 စစ်အစိုးရ စစ်တပ်တို့မှ မီးရှို့ဖျက်ဆီးခဲ့တဲ့ ပြည်သူပိုင် နေအိမ်..

ကချင်ပြည်နယ် ဖါးကန့်ဘက်သို့လည်း စစ်အစိုးရ စစ်တပ်တို့မှ စစ်အင်အား တိုးချဲ့ ချီတက် လာနေတာကြောင့် စစ်ပွဲများ ဖြစ်ပွား လာနိုင်သောကြောင့် ကေအိုင်အေမှ ပြည်သူ လူထုများကို မထိ ခိုက်စေလိုသဖြင့် ဒီအတောအတွင်း အသွားအလာများကို ဂရုစိုက်ရန်နဲ့ မော်တော်ကားများကိုလည်း သတိနဲ့ သွားလာဖို့ အသိပေး ပြောထားကြောင်း သိရှိရပါတယ်။

ကေအိုင်အေတပ်မဟာ (၅) နယ်မြေတဝိုက်သို့ စစ်အစိုးရ စစ်တပ် စစ်အင်အား (၆၀၀) ဝန်းကျင် တိုးချဲ့ စစ်အင်အား ဖြည့်နေကြောင်း စုံစမ်းသိရှိရပါတယ်။

စစ်အစိုးရ စစ်တပ်...

သိန်းစိန် အစိုးရဟာ ကေအိုင်အေကို နိုင်ငံရေး ဆွေးနွေးမယ်လို့ ဆိုသော်ငြားလည်း နယ်ရာအနံ့ စစ်အင်အားတိုးချဲ့ခြင်း၊ ထိုးစစ်ဆင်နွှဲနေခြင်း၊ သိန်းစိန် စစ်တပ်မှ ပြည်သူပိုင် ရွာများ၊ နေအိမ်များ ကို မီးရှီု့ဖျက်ဆီးနေခြင်း၊ ပြည်သူများကို ပေါ်တာခေါ်ဆောင်ပြီး ညှင်းပန်း နှိပ်စက် သတ်ဖြတ်ခြင်း၊ ကချင် အမျိုးသမီးများနှင့် စစ်ဖြစ်ပွားနေတဲ့ နယ်မြေများမှ အမျိုးသမီးများကို မဒိန်းကျင့် သတ်ဖြတ်ခြင်း၊ ကလေး သူငယ်များကို ဖမ်းဆီးခြိမ်းခြောက် သတ်ဖြတ်ခြင်း စသည့် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျိုးလွန်နေပေမယ့် ကမ္ဘာက မသိမြင်ဘဲ မျက်ကွယ်ပြုနေခြင်း ခံနေရသော စစ်ပြေး ဒုက္ခသည်များရဲ့ ဘဝ၊ ရှေ့ရေး အနာဂါတ်၊ ယခု လောလောလတ်လတ် စားဝတ်နေရေး စသည့် အခက်အခဲ မြောက်များစွားနဲ့ ရင်ဆိုင် နေကြရပါတယ်။

တိုက်ပွဲတွေကြောင့် ယခုချိန်တွင် ကချင်စစ်ပြေးဒုက္ခသည်ဟာ ၅၀၀၀၀ (ငါးသောင်း) ကျော်ရှိနေပြီ ဖြစ်ကြောင်း ဒုက္ခသည် ကူညီစောင့်ရှောက်ရေး အဖွဲ့များရဲ့ ထုတ်ပြန်ချက်များ အရ သိရှိရပါတယ်။ နိုင်ငံတကာရဲ့ ကူညီမှုများကိုလည်း မြောက်များစွာ လိုအပ်လျက်ရှိကြောင်း သိရှိရပါတယ်။

ကချင်စစ်ပြေးဒုက္ခသည်များရဲ့ ဓါတ်ပုံ၊ ဗွီဒီယို အဖြစ်အပျက်များကိုလည်း မကြာခင် ဖော်ပြ သွားပါမယ်..။


0 comments: