Saturday, January 07, 2012

မိုးကောင်း-ဖားကန့် လမ်းပေါ် စစ်ပွဲးများဆက်ဖြင့်နေ

Saturday, January 7, 2012


W.P Moses

ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေခြင်းကြောင့် မိုးကောင်း-ဖားကန့် လမ်းအား ဗုဒ္ဓဟူးနေ့မှ စပြီး ပိတ်လိုက်ကြောင်း ကချင်လွတ်မြောက်ရေးတပ် KIA မှ တရားဝင်ပြောဆို လိုက်ပါတယ်။

 သိန်းစိန် စစ်တပ် တပ်မ ၃၃၊ ၆၆၊ ၈၈ တို့မှ အင်အား ၃ဝဝ ကျော်ဖြင့် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) တပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် မိုးကောင်း-ဖားကန့် ကားလမ်းမကို ရက်အကန့် အသတ်မရှိ ပိတ်လိုက်ခြင်းဖြစ်တယ်လို့ ကေအိုင်အေက ပြောပါတယ်။

သိန်းစိန် စစ်တပ် စစ်ကြောင်းများကို တွေ့မြင်ရစဉ်...

KIA တပ်ရင်း (၆) နယ်မြေဘက်သို့ အစိုးရတပ်တွေ ထိုးစစ်ဆင်လာသဖြင့် ပိတ်လိုက်တယ်လို့ ဆိုပါတယ်။
ပြည်သူတွေ အန္တရာယ် မဖြစ်အောင်၊ ထိခိုက်မှုမရှိစေရန်၊ ပြည်သူတွေကို အရင်ကာကွယ်တဲ့ ရည်ရွယ်ချက်နဲ့ ပိတ်လိုက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ် ။


ဖားကန့်မြို့နယ် နမ်ရာနှင့် ကားမိုင်းကြားတွင် ဇန်နဝါရီလ ၃ ရက်နေ့က စပြီး  တိုက်ပွဲဖြစ်ပွားခဲ့သလို၊ ဗုဒ္ဓဟူးနေ့မှ စ၍ ကြာသပတေးနေ့ထိ တံတားညီနောင်တွင်  ဆက်လက်ပြီး တိုက်ပွဲများ ဖြစ်ပွားနေလို့ သိရပါတယ်။

 ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ သမ္မတမှ ကေအိုင်အေကို ထိုးစစ်ဆင်နေမှု စစ်အင်အား တိုးချဲ့မှုများကို ဆက်လက် မလုပ်ဆောင်ရန် ညွန်ကြားထားပြီးနောက် တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့သလို KIO ဘက်မှ တပ်ဆုတ်လိုက်ရမှုများလည်း ဆက်လက် ရှိနေပါတယ်။


ကေအိုင်အေနှင့် အစိုးရတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကြားမှာဘဲ နိုင်ငံရေး ဆွေးနွေးမယ်ဆိုတဲ့ သတင်းများလည်း ထွက်ပေါ်နေပါတယ်။ တကယ့် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ရအုံးမယ် ဖြစ်ပါတယ်။

0 comments: