Thursday, December 08, 2011

ကေအိုင်အေနှင့် သိန်းစိန်အစိုးရ စစ်တပ်တို့ အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများ စုစည်းမှု အချို့ (မပြည့်စုံသေးပါ)

Thursday, December 8, 2011


ဇွန်လ ၉ ရက်မှာ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ  အဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး ပျက်သွားပြီး ဒုတိယပြည်တွင်းစစ် ဖြစ်ပွားခဲ့ရာမှာ စစ်ပွဲအခြေအနေကို အခုလိုလေ့လာတွေ့ ရှိရပါတယ်။ (တိုက်ပွဲကြီးတွေကို မှတ်တမ်းတင်ထားတဲ့ မပြည့်စုံသေးတဲ့ စာရင်းဖြစ်ပြီး အချက် အလက် အတော် များများကို မြန်မာစစ်တပ် သတင်းရင်းမြစ်တွေနဲ့ ကချင် သတင်းရင်းမြစ်တွေ တိုက်ဆိုင် စစ်ဆေး အတည်ပြုထားပါ တယ်။ ၂ ယောက် ၃ ယောက်သေတဲ့ တိုက်ပွဲကလေးတွေ ထည့်မထားပါ။)

ဇွန် ၁၇ ရက်က မိုးညှင်းမြို့နယ် ဆင်ဘိုတိုက်ပွဲမှာ ခလရ ၁၄၁ က ၁၇ ယောက်ကျခဲ့တယ်။ ဇူလိုင်၂ ရက်က မိုးညှင်း မြို့နယ်ထဲ တိုက်ပွဲမှာ ကြံ့ဖွတ်စစ်သား ၂၀၊ ကွတ်ခိုင်မြို့နယ်ထဲမှာ ၁၀ ယောက်ကျခဲ့တယ်။ ဇူလိုင် ၁၆-၁၈ ရက်က လဂျား ယန်မြို့နယ် ခါ့ယာရွာအနီး ၃ ရက်ကြာတိုက်ပွဲမှာ ခလရ ၂၁ က ၂၅ သေ၊ ၂၄ ဒဏ်ရာ၊ ၁၁ စစ်သုံ့ပန်းမိခံရပြီး ၃၄ လက် ဆုံးခဲ့တယ်။ ဇူလိုင် ၂၆ ရက်က ကာမိုင်းတိုက်ပွဲမှာ ခလရ ၁၀၅ က ၁၆ ယောက် သေကြေဒဏ်ရာ ရခဲ့တယ်။

သြဂုတ် ၂၈-၂၉ ရက် မိုးမောက်မြို့နယ် လွန်ဂျာတောင်တိုက်ပွဲမှာ ကြံ့ဖွတ်စစ်သား ၇ ယောက်ကျခဲ့တယ်။ စက်တင်ဘာ ၁၄-၁၆ ရက်များက ၃ ရက်ကြာ နမ်စန်ပတိုက်ပွဲမှာ ခလရ ၃၇ နဲ့ ခမရ ၄၃၈ က အယောက် ၄၀ လောက်ကျခဲ့တယ်။ စက်တင်ဘာ ၁၈ ရက် မုံးကိုး တိုက်ပွဲမှာ ခလရ ၃၆ နဲ့ ခလရ ၂၉၀ က ၇ ယောက်ကျသွားတယ်။ စက်တင်ဘာ ၂၁ ရက် မှာ မူဆယ်မြို့နယ် ရွှေပြည်သစ်ရဲဘက်စခန်းကို ဝင်စီးပြီး ရဲ ၈ ယောက်ဖမ်း၊ အကျဉ်းသား ၅၂ ယောက်ကို လွှတ်ပေး လိုက်တယ်။ ကွတ်ခိုင်နယ်မှာ စက်တင်ဘာ ၂၄-၃၀ ရက်ထိ ၆ ရက်ကြာ တပ်မဟာ ၄ စခန်းသိမ်း စစ်ဆင် ရေးအတွင်း ကြံ့ဖွတ်စစ်သား ၁၅၀ လောက်ထိခဲ့တယ်။

အောက်တိုဘာ ၄ ရက် ဆင်ဘို ဂျာအိန်ယန်တိုက်ပွဲမှာ ကြံ့ဖွတ်စစ်သား ၄၀ လောက်ထိခဲ့တယ်။ အောက်တိုဘာ ၁၃ ရက်က မိုးမောက်မြို့နယ်တွင်း တိုက်ပွဲတပွဲမှာ ခလရ ၄၇ က ၇ ယောက်ကျသွားတယ်။ အောက်တိုဘာ ၁၂-၁၆ ရက် ဝိုင်းမော်မြို့နယ် ဂါရားယန်မှာ ၅ ရက်ကြာတိုက်ပွဲအတွင်း ကြံ့ဖွတ်စစ်သား ၃၀ ကျခဲ့တယ်။ အောက်တိုဘာ ၁၆ ရက် မိုးမောက်မြို့နယ် လွန်ဂျာတောင်တိုက်ပွဲမှာ ကြံ့ဖွတ်စစ်သား ၂၀ ကျခဲ့တယ်။ အောက်တိုဘာ ၁၂ ရက် မြစ်ကြီးနားမြို့ နယ် ဖရော်ရွာတိုက်ပွဲမှာ အစိုးရတပ် ၁၂ ယောက်ကျခဲ့တယ်။ အောက်တိုဘာ ၁၂ ရက် မန်စီ-မိုင်းခေါင်လမ်း မိုင်း စစ်ဆင်ရေးမှာ ခလရ ၄၇ က ၈ ယောက်ကျခဲ့ တယ်။ အောက်တိုဘာ ၂၇ ရက် ဂျအင်းယန်တိုက်ပွဲမှာ ဗမာစစ်တပ်က ၁၆ ယောက်ကျပြီး ၂၃ ယောက်ဒဏ်ရာရခဲ့တယ်။ အောက်တိုဘာ ၂၆ ရက် စွမ်ပရာဘွမ်လမ်း ဒရူခတံတားစောင့်စခန်း ကိုစီးတာ ခလရ ၁၃၈ က ၉ ယောက်ကျသွားတယ်။


နိုဝင်ဘာ ၁ ရက် မိုးမောက်မြို့နယ် ခဝန်ဘန်တိုက်ပွဲမှာ ဗမာတပ်က ၁၀ ယောက်ကျခဲ့တယ်။ နိုဝင်ဘာ ၂ ရက် ဝိုင်း မော်မြို့နယ် ဂါးရာယန်တိုက်ပွဲမှာ ခလရ ၅၈ နဲ့ ခမရ ၃၉၀ က ၁၆ ယောက်ကျခဲ့တယ်။ နိုဝင်ဘာ ၆ ရက် မန်ဝိန်း-ကိုင် ထိပ်လမ်း တိုက်ပွဲမှာ ခမရ ၅၀၄ နဲ့ ၅၀၅ က ၇ ယောက်ကျ သွားတယ်။ နိုဝင်ဘာ ၁၁ ရက် ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲ တပွဲမှာ ဗမာစစ်သား ၁၂ ယောက်ကျသွားတယ်။ နိုဝင်ဘာ ၁၇ ရက်က အင်တပ်ဘွမ် တောင်ကြော တိုက်ပွဲ မှာ ကြံ့ဖွတ်အစိုးရတပ်မ ၈၈ က အနည်းဆုံး ၃၇ ယောက် သေပြီး ရာနဲ့ချီဒဏ်ရာရခဲ့တယ်။ နိုဝင်ဘာ ၂၄ ရက်မှာ ကိုင်ထိပ်စခန်းက ထွက်လာတဲ့ ကြံ့ဖွတ်တပ်ကို ခြုံခိုတိုက် လို့ ၂၀ ကျော်ကျသွားတယ်။ နမ်းခမ်း-မံဝိန်းလမ်းမှာလဲ ပဒေသာမိုင်းစစ်ဆင်ရေး ကြောင့် ၁၀ ယောက်ကျော်ကျ သွားခဲ့တယ်။

ဒီဇင်ဘာ ၅ ရက်၊ တနင်္လာနေ့ မနက်အစောပိုင်း ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် မုန်းကိုမြို့မှ မြန်မာအစိုးရ စစ်ဗျူဟာကုန်းနှင့် ရဲစခန်းအား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ ၀င်စီးခဲ့ရာ ခလရ (၁၂၉) မှ စစ်သားများနှင့် ရဲ စစ်သား စုစုပေါင်း ၁၈ ဦး ကျဆုံးခဲ့တယ်။

ဒီဇင်ဘာ ၇ ရက် မန်မော် (ဗန်းမော်) ခရိုင် အင်မောက် (မိုးမောက်) မြို့နယ်အတွင်း မနက် ၈ နာရီမှ ညနေ ၆ နာရီ တစ်နေကုန်ဖြစ်သော တိုက်ပွဲတွင် မြန်မာအစိုးရစစ်သား ၃၀ ကျော်ကျဆုံးသွားတယ်။

အပေါ်က စာရင်းအရ သိန်းစိန် အစိုးရ စစ်သားများ ကျဆုံး မှုမှာ အနည်း ဆုံး (၅၉၉) ယောက်ရှိခဲ့တယ်။ ထိခိုက်ဒဏ်ရာ ရရှိမှု အနည်းဆုံး (၁၄၇) ဦး ရှိခဲ့တယ်။ စစ်သုံ့ပန်းအဖြစ် အနည်း ဆုံး (၁၉) ဦး ရှိခဲ့တယ်။ ကေအိုင်အေမှ လွတ်လိုက်တဲ့ အကျဉ်းသား (၅၂) ဦး ရှိခဲ့တယ်။ သေနတ် မျိုးစုံ အနည်းဆုံး (၃၄) လက် သိမ်းဆည်းခဲ့တယ်။

ဒါ့အပြင် အခု ကေအိုင်အေလက်ထဲ သုံ့ပန်းမိထားတာ ဗိုလ်မှူး ဗိုလ်ကြီးစတဲ့ အရာရှိတွေ တော်တော် များနေပါပြီ။

ကေအိုင်အေကတော့ အပစ်အခတ်ရပ်စဲရေး-ငြိမ်းချမ်းရေးအတွက် ပင်လုံအလံတော်ကို စွဲစွဲမြဲမြဲနဲ့ အမြင့်မားဆုံးလွှင့်ထူ နေပါတယ်။

ဒီကနေ့ ပြည်မအစိုးရတပ်တွေ တိုင်းရင်းသားနယ်မြေ တွေကို ကျူးကျော်သိမ်းပိုက်တပ်စွဲထားပုံကို အခုလို တွေ့နိုင်ပါတယ်။ (မပြည့်စုံသေးတဲ့ စာရင်းဖြစ်လို့ လက်တွေ့မှာ ဒီ့ထက်များနိုင်ပါတယ်၊ လျော့ဖို့ မရှိပါ။)

ကချင်ပြည်နယ်မှာ ၁၉၆၂ ခု ဝန်းကျင်က ခြေလျင်တပ်ရင်း (၉) ရင်းလောက်ဘဲ ရှိခဲ့ရာက အခုဆိုရင် မပခ လက်အောက် ခံ (၂၁) ရင်း၊ ဒကစ (တနိုင်း) လက်အောက်ခံ (၅) ရင်း၊ စကခ-၃ လက်အောက်ခံ (၁၀) ရင်း၊ စကခ-၂၁ လက် အောက်ခံ (၈) ရင်း စုစုပေါင်း ခြေလျင်/ခြေမြန် တပ်ရင်း (၄၄) ရင်းနဲ့တကွ မစခ-၉၀၄ လက်အောက်ခံ အမြောက်တပ် (၁၀) ရင်း၊ သစခ-၇၂ လက်အောက်ခံ တင့်ကား/သံချပ်ကား တပ်ရင်း (၃) ရင်း၊ လစခ-၉ လက်အောက်ခံ လေကြောင်းရန် ကာကွယ်ရေး တပ်ရင်း (၇) ရင်းနဲ့ မြစ်ကြီးနား လေတပ် စခန်းဌာနချုပ်တို့ တပ်စွဲထားကြပါတယ်။

ကေအိုင်အေဘက်မှ ထိခိုက် ကျဆုံးမှုကိုလည်း ဆက်လက် စုစည်း တင်ပြသွားမည် ဖြစ်ပါတယ်..။

W.P Moses

0 comments: