Monday, December 05, 2011

ခမရ ၃၈၆ နှင့် ကေအိုင်အေ တပ်ရင်း ၁၄ ထိပ်တိုက်တွေ့

 Monday, December 5, 2011
 
ရှေ့တန်းနယ်မြေမှ ကေအိုင်အေ စစ်သည်တော်များ

ဒီဇင်ဘာလ ၃ ရက်နေ့ မနက်ပိုင်း ၉း၃၀ နာရီဝန်းကျင်တွင် ကချင်ပြည်နယ် မိုးကောင်းစက်လှေဆိပ်နှင့် လဝါးကျေးရွာ အကြား ကလာကထောင် အနီးမှာ စစ်အစိုးရတပ် ခမရ (၃၈၆) တပ်တို့ဟာစစ်ကား (၂) စီးဖြင့် ချီတက်လာရာ ကေအိုင်အေတပ်မဟာ (၂) လက်အောက်ခံတပ်ရင်း (၁၄) နှင့် ပြည်သူ့စစ်တို့ ပူးပေါင်းကာ တားဆီး တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ တစ်ဦးကျဆုံးပြီး ၃ ဦး ထိခိုက်ခဲ့ ကြောင်းသိရပါတယ်။

ခမရ (၃၈၆) တပ်ဟာဒီဇင်ဘာလ ၂ ရက်နေ့ ကေအိုင်အေတပ်ရင်း (၆) တို့နှင့် တိုက်ပွဲဖြစ်ခဲ့သေးကြောင်း၊ ယင်းတိုက်ပွဲတွင်ထိခိုက်သူများကို ပြန်လည် ပို့ဆောင်တဲ့ တပ်ဖွဲ့ဖြစ်ကြောင်းသိရပါတယ်။

ကေအိုင်အေနှင့် သိန်းစိန်အစိုးရ စစ်တပ်ဟာ နေ့တိုင်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပါတယ်။ ယခုချိန်တွင် ကေအိုင်အေ တပ်မဟာ (၃) နယ်မြေဖြစ်တဲ့ မိုင်ဂျာယာန် အနီးတဝိုက်များတွင်လည်း ကေအိုင်အေနှင့် စစ်အစိုးရ စစ်တပ်တို့အကြား ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွားနေပြီ ဖြစ်ကြောင်း ဒေသခံများမှ သိရှိရပါတယ်။ ဒေသခံတချို့မှာ တိုက်ပွဲပြင်းထန်လာမှာ ဖြစ်သောကြောင့် ကေအိုင်အေ ထိန်းချုပ်နယ်မြေနှင့် တရုတ်ဘက်သို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း သိရှိရပါတယ်။

 W.P Moses

0 comments: