Monday, December 05, 2011

ကွတ်ခိုင်မြို့ ပြည်ထောင်စု လမ်းမပေါ်မှ တိုက်ပွဲ

 Monday, December 5, 2011
ပြည်ထောင်စုလမ်း

ဒီဇင်ဘာလ ၄ ရက်နေ့ နေ့လည် ၂ နာရီ ဝန်းကျင်တွင် ကွတ်ခိုင်မြို့အနီး ပြည်ထောင်စု လမ်းမပေါ်တွင် ကချင်နယ်မြေနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ စစ်ကူပေးရန်အတွက် ချီတက်လာတဲ့ သိန်းစိန်အစိုးရ စစ်တပ် စစ်ယာဉ်တန်း ကို KIA တပ်တို့မှ တားဆီး တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် အစိုးရ စစ်တပ်မှ အရာရှိ (၂) ဦး အပါအဝင် (၃) ဦးဒဏ်ရာရရှိပြီး အခြားအဆင့် (၁) ဦး ကျဆုံးသွားကြောင်း သိရှိရပါတယ်။


စစ်အစိုးရ စစ်တပ်ဟာ ကချင်နယ်မြေနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ စစ်အင်အားများ၊ စစ်ကူများ အဖြစ် တပ်မ တပ်များကို တိုးချဲ့ ထိုးစစ်ဆင်နေကြောင်း သိရပါတယ်။ နိုဝင်ဘာလ ၂၉၊ ၃၀ မှာ ကေအိုင်အေနှင့် သိန်းစိန်အစိုးရ တရုတ်နိုင်ငံ ရွှေလီမှာ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ရေရာတဲ့ အဖြေမရရှိခဲ့သည်သာမက တိုက်ပွဲများဟာ ပိုမို ပြင်းထန်လာနေကြောင်း ကေအိုင်အေ တာဝန်ရှိသူများရဲ့ ပြောကြားချက်အရ သိရပါတယ်။

W.P Moses

1 comments:

  • Anonymous says:
    December 7, 2011 at 12:03 AM

    Be alert!
    never donate to the burmese veteran's collecting and buying their books, calendar and other goods . because if you donated to them, you funded to the Killer of your own people and let them continue to murder your people. What they had got injury was not because of fighting to the foreign enemies but for the killing to your own ethnicity.