Wednesday, December 07, 2011

ရှမ်းပြည်နယ်မြောက်ပိုင်းမှ ထူးခြားသော အဝါရောင် အမှုန့်

Wednesday, December 7, 2011

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မော်ဟန် ကျေးရွာ အနှံ့တွင်
ဒီဇင်ဘာ ၆ ရက် နေ့က ထူးခြားသော အဝါရောင်အမှုန့်များ ကျရောက်လျက်က် ရှိကြောင်း
သိရပါတယ်။ ၎င်းထူးခြားသော အမှုန့်ကို ကိုယ်တိုင် ကိုင်တွယ် လေ့လာ၍
ကွတ်ခိုင်မြို့သို့ ယူဆောင်လာသူ တစ်ဦးမှ "ဒီအမှုန့်တွေက တစ်ရွာလုံး လိုလိုကို ပြန့်နေတာ။ အိမ် ခေါင်မိုး တွေမှာရော၊ စိုက်ခင်းတွေမှာရော အနှံ့ပဲ။ အဝါရောင် သဘောင်္ဆေး ဖျန်းထား သလိုဘဲ။ လေယဉ်နဲ့ ဖြန်းထားတာလို့ ထင်တာဘဲ။ လူတချို့ကတော့ ဘိန်းခင်းတွေကို ဖျန်းတာလို့ ပြောတာဘဲ။ ဒါပေမဲ့ ဒီနယ်တဝိုက်မှာ ဘိန်းခင်းနဲ့ တူတာဆိုလို့ ဘာမှ စိုက်စားလို့ မရတဲ့ မြက်ခင်းပြင်တွေပဲရှိတာ။ ရွာထဲမှာဆိုတော့ ပိုတောင် မဖြစ်နိုင်သေးဘူး" လို့ ထင်မြင်ချက်ကို ပြောပြ သွားပါတယ်။

ဒီလို ဖြစ်ရပ်တွေဟာ လွန်ခဲ့တဲ့ နိုဝင်ဘာလ ၂၀ ၊ ၂၁၊ ၂၂၊ မှာ  ကချင်ပြည်နယ် မိုင်ဂျာယာန် မှာသော်လည်းကောင်း၊ နိုဝင်ဘာ ၂၅၊ ၂၆ မှာ မြစ်ကြီးနား နေရာတချို့ မှာသော်လည်းကောင်း ဖြစ်ပွား ခဲ့ဖူးပါတယ်။ ပုံကို ဒီမှာ ပြန်လည်ကြည့်ရှုလို့ရပါတယ်။ မည်သို့သော ဂုဏ်သတ္တိတွေ ရှိကြောင်းကိုတော့ အခုထက်ထိ မသိရှိရ သေးပါဘူး။

 သတင်းများကို အမြန်ဆုံး ပေးပို့ကြပါ... ဝိုင်းဝန်းလုပ်ဆောင်သွားကြရအောင်...

W.P Moses (ကို Wizardpower ကိုကျေးဇူးတင်ပါတယ်)

0 comments: