Sunday, December 04, 2011

ကချင်ပြည်နယ် မပခ စစ်ဗိုလ်မှ ဗုံး ထောင်ခိုင်း

Sunday, December 4, 2011

 ကချင်ပြည်နယ်ရှိ ဗလမင်းထင်တံတား

ဒီဇင်ဘာလ ၃ ရက်နေ့ ညမှာ ကချင်ပြည်နယ် မလိခမြစ် ချောင်းကူးတံတား ဗလမင်းထင်မှာ ကလား အမျိုးသမီး တစ်ဦးနှင့် ကချင်အမျိုး သမီးတစ်ဦးဟာ ဗုံး တစ်လုံးဆီ သယ်ဆောင်လာရာ တံတားစောင့် ရဲ တာဝန်ရှိများမှ တွေ့ရှိပြီး စစ်ဆေးခဲ့ရာ မပခ စစ်ဗိုလ်တစ်ဦး (အမည်မသိသေး) မှ သူတို့ နှစ်ဦးကို တရုတ်တောင် ဘုန်းကြီးကျောင်း တက်သွားတဲ့ လမ်းမှာ သွားထားခိုင်းကြောင်း သိရှိရပါတယ်။ သူတို့ နှစ်ဦးကို ပြန်လွတ်လိုက် မလွတ်လိုက်ကိုတော့ မသိရှိရသေးပါ။

စစ်ပွဲသတင်း

ဒီဇင်ဘာလ ၃ ရက်နေ့ မနက်ပိုင်း ၉း၃၀ နာရီ ဝန်းကျင်တွင် ကချင်ပြည်နယ် မိုးကောင်း စက်လှေဆိပ်နှင့် လဝါးကျေးရွာအကြား ကလာကထောင်အနီးမှာ စစ်အစိုးရတပ် ခမရ (၃၈၆) တပ်တို့ဟာ စစ်ကား (၂) စီးဖြင့် ချီတက်လာရာ ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၄) နှင့် ပြည်သူ့စစ်တို့ ပူးပေါင်းကာ တားဆီး တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ပွဲတွင် စစ်တပ်ဘက်မှ တစ်ဦး ကျဆုံးပြီး ၃ ဦး ထိခိုက်ခဲ့ ကြောင်း သိရပါတယ်။ ခမရ (၃၈၆) တပ်ဟာ ဒီဇင်ဘာလ ၂ ရက်နေ့ ကေအိုင်အေ တပ်ရင်း (၆) တို့နှင့် တိုက်ပွဲဖြစ်ခဲ့သေးကြောင်း၊ ယင်းတိုက်ပွဲတွင် ထိခိုက်သူများကို ပြန်လည် ပို့ဆောင်တဲ့ တပ်ဖွဲ့ဖြစ်ကြောင်း သိရပါတယ်။

W.P Moses (သတင်းပေးပို့လာတဲ့ ကို Lahtaw Lat ကို ကျေးဇူးတင်တယ်)

0 comments: